တနင်္သာရီတိုင်းဒေသကြီး အတွင်း သဘာဝဘေးကြုံတွေ့ခဲ့ရ သည့် ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၆) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အတွင်း သဘာဝဘေးကြုံတွေ့ခဲ့ရ သည့် ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၆) ကျင်းပ






ထားဝယ်၊ အောက်တိုဘာ ၇

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှုနှင့်လပြည့်ရက်မြစ်ရေပြည့်ချိန်တို့ တိုက်ဆိုင် ၍ထားဝယ်မြို့၊သရက်ချောင်းမြို့၊လောင်းလုံးမြို့၊ပုလောမြို့၊တနင်္သာရီမြို့တို့ ရှိရပ်ကွက်/ကျေးရွာအချို့ တွင်ရေကြီး ရေလျှံမှုများနှင့်အချို့ဒေသများတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီးအဓိကအနေဖြင့်လောင်းလုံးမြို့နယ် အတွင်း ကူညီ ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက်ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ရသည့်ဒေသများတွင်ကူညီကယ်ဆယ်ရေး လုပ်ငန်း များကိုဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများ၊ နေရာဒေသအသီးသီးကလာရောက်ကူညီသော ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ ဝိုင်းဝန်း ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်သည့်အချိန် တွင်မှန်ကန်သည့်သတင်းအချက်အလက် ရရှိမှုအားနည်းခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးဖြစ်ပွားခဲ့သည့်နယ်မြေဒေသရှိအချက်အလက်များကိုစနစ်တကျစုဆောင်းခဲ့ရကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကိုဆောင် ရွက်သည့်အချိန်တွင်နယ်မြေခံပြည်သူများ ဝိုင်းဝန်းကူညီမှုရရှိခဲ့သောကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများကအသိအမှတ်ပြုလာကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင်စနစ်တကျ ဖြစ်ရန်လိုအပ် သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများအပါအဝင်ပြည်သူများ၏ အကူအညီများဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအနေဖြင့်လောင်းလုံးမြို့နယ်အတွင်း မြေပြိုမှုနှင့်လူ သေဆုံးမှုများရှိခဲ့သောကြောင့် ဒေသခံပြည်သူများအတွက် စက်ယန္တရားများ၊ လူအင်အားများဖြင့် စနစ်တကျကူညီ ကယ်ဆယ်ရေးများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်ပေးသည့် ပရဟိတအဖွဲ့များနှင့် စက်ယန္တရားများကိုလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးသည့်လုပ်ငန်းရှင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ ငွေကြေးလှူဒါန်းထောက်ပံ့မှုများလည်းရရှိနေပါ ကြောင်း၊ အခြေခံအဆောက်အဦများ၊ အိမ်များမြေမြုပ်မှုရှိခဲ့သောကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းစနစ်တကျဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြန်လည်တူးဖော်ရေးလုပ်ငန်းများကိုလည်း စနစ်တကျစုပေါင်း၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏နေထိုင်၊ စားသောက်မှု နှင့်နဂိုကပိုင်ဆိုင်ခဲ့မှုများ ကို သေချာစနစ်တကျ  စီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင်လည်း သေချာစွာစနစ်တကျဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့်အတွေ့အကြုံများရှိနေပြီဖြစ်သောကြောင့် စနစ်တကျ ဆောင်ရွက်ပေးနိုင် မည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးအတွင်းကယ်ဆယ်ရေးစခန်း(၂၄)ခုတွင်လူဦးရေစုစုပေါင်း(၉၀၆၈)ရှိခဲ့ရာ ယခုလက်ရှိတွင် ကယ်ဆယ်ရေး စခန်း(၁၁)ခုနှင့်လူဦးရေ(၃၀၅၇)ဦးသာကျန်ရှိတော့ပါကြောင်း၊ တိုင်းဒေသကြီးသည် ကမ်းရိုး တန်းဒေသဖြစ် သည့်အတွက် ပြည်သူများအနေဖြင့် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ကာကွယ်ရမည့်နည်းလမ်းများကို ကျယ်ပြန်စွာသိရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကိုအကြောင်းပြုပြီး ဝိသမလောဘစီးပွားရေးသမားများက အခွင့်ကောင်းယူ၍ ကုန်ဈေးနှုန်း ကြီးမြင့်အောင် ဆောင်ရွက်လာနိုင်သောကြောင့် မဖြစ်ပွားအောင်ကြိုတင်စီမံထားရှိရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လုပ်ငန်းများ ဆောင်ရွက် သည့် အခါတွင် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်က သဘာဝဘေးနှင့်ပတ်သက် ၍လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ နယ်မြေခံ တိုင်းရင်းသားပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များကကော်မတီ များဖွဲ့စည်းထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စက်ယန္တရားများ ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊တိုင်းဒေသကြီးအတွင်းရေကြီးရေလျှံမှုဖြင့်မြေပြိုမှုများကြောင့်ပျက်စီးဆုံးရှုံး အခြေအနေများ၊ကယ်ဆယ် ရေးစခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာသူများအားထောက်ပံ့ကူညီမှု အခြေ အနေများ၊ပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေပေးဝေရေလုပ်ငန်း၊ စားသောက်ကုန်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင်  တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်  က ညှိနှိုင်းဆောင်ရွက်ပေခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)