အကြမ်းဖက်သမားတွေကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်သမားတွေကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်


အောက်တိုဘာ - ၂ ( သောကြာနေ့ ) 

ပါကစ္စတန်ရဲ့ လေကြောင်းမှ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာဘူးလ် (အာဖဂန်အစိုးရ) က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကူနာ ပြည်နယ်နဲ့ တောင်ပိုင်း ဟဲလ်မန်း ပြည်နယ်တွေကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် က ပြောကြားခဲ့ပါတယ်။ သူက ဒီတိုက်ခိုက်မှုကို "လက်ခံထားတဲ့ စံနှုန်းအားလုံး ကို ချိုးဖောက်တဲ့ ကျူးကျော်မှုနဲ့ ပြစ်မှုတစ်ခု" လို့ စွပ်စွဲရှုတ်ချခဲ့ပါတယ်။

အစ္စလာမာဘတ် (ပါကစ္စတန်အစိုးရ) ဘက်ကတော့ နေရာနှစ်ခုမှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် သောင်းကျန်းသူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ "ခိုင်လုံတဲ့ အချက်အလက်" ပေါ် အခြေခံပြီး သောင်းကျန်းသူ စခန်းတွေနဲ့ ပုန်းအောင်းနေတဲ့နေရာတွေကို သီးသန့် ရွေးချယ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

"ပါကစ္စတန်အတွက် ခြိမ်းခြောက်မှုဟာ အာဖဂန်နစ္စတန်ဘက်ကနေ လာတာပါ။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ စစ်ဆင်ရေးဟာ အကြမ်းဖက်စခန်းတွေကိုပဲ တိတိကျကျ ပစ်မှတ်ထားခဲ့တာပါ" လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပြီး ဒီတိုက်ခိုက်မှုတွေဟာ သောင်းကျန်းသူစခန်းတွေကိုပဲ ဦးတည်ခဲ့တာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေဟာ ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ အစ္စလာမာဘတ်က ခါးခါးသီးသီး စွပ်စွဲထားတာ ဖြစ်ပါတယ်။

ခုနောက်ဆုံး တိုက်ခိုက်မှုဟာ နှစ်ပတ်အတွင်း ပါကစ္စတန်က အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ပစ်မှတ်တွေကို တတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကန်ဒဟာ နဲ့ အခြားပြည်နယ်တွေကို ထိမှန်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ တာလီဘန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့လက ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုကို သောင်းကျန်းသူတွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၄ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ခုလို အခြေအနေတွေ ပြန်လည် တင်းမာလာခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုကို ပါကစ္စတန်တာလီဘန် လို့လည်း လူသိများတဲ့ တာရစ်အီတာလီဘန်ပါကစ္စတန် (TTP) အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။


REF: RT

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)