ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လမ်းအခြေအနေများကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လမ်းအခြေအနေများကြည့်ရှုစစ်ဆေး





ဖလမ်း၊ အောက်တိုဘာ ၁

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက်လမ်း အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကားလမ်းတစ်လျှောက် မိုးရွာသွန်းမှုကြောင့် လမ်းသားပဲ့ကျနေမှုများနှင့် မြေစာပြိုကျနေမှုများကို တာဝန်ရှိသူများက လူအား၊ စက်ယာဉ်ယန္တရားများဖြင့် ပြုပြင်၊ ဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသန်းဇော်က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးသန်းထူးအောင်မှ ဖြည့်စွက်တင်ပြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လမ်းပန်းဆက်သွယ်မှုပြတ်တောက်မှုမရှိစေရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော လူအင်အားနှင့် စက်အင်အားများ အသင့်ဆောင်ရွက်ထားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် ၂၅/၄-၂၆/၁ ကြားတွင် ယနေ့နံနက် (၇) နာရီအချိန်ခန့်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြို၍လမ်းပိတ်ဆို့နေသည့်နေရာအား လမ်းကြောင်းအမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေးနှင့် အများပြည်သူများအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးအတွက် လမ်းအထူးအဖွဲ့ (၁၀) ဦးဆောင်မှုဖြင့် လုံလောက်သောလူအင်အားနှင့် စက်အင်အားများဖြင့် စီမံဆောင်ရွက်ရာ ယနေ့ညနေပိုင်းတွင် ယာဉ်များဖြတ်သန်းသွားလာနိုင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)