မြန်မာ MSME များအတွက် ခေတ်သစ် ဈေးကွက်ချိတ်ဆက်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ MSME များအတွက် ခေတ်သစ် ဈေးကွက်ချိတ်ဆက်ခြင်း အခမ်းအနားကျင်းပ











ရန်ကုန်၊ အောက်တိုဘာ ၁

မြန်မာ MSME များအတွက် ခေတ်သစ် ဈေးကွက်ချိတ်ဆက်ခြင်း (Mainstreaming Modern Market for Myanmar MSMEs) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်ရှိ မင်္ဂလာခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးအေးဝင်း နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဥက္ကဌ ဦးဇော်မင်းလတ် တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦး‌အောင်နိုင်သူက က အဖွင့်အမှာစကား ပြောကြားသည်။ 

ထို့နောက် AYA Bank PCL ဒုတိယဥက္ကဌ ဦးမြင့်ဇော် က အမှတ်တရ ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ AYA Bank မှ မြန်မာ MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြပြီး "မြန်မာ MSME များအတွက် ခေတ်သစ်ဈေးကွက်ချိတ်ဆက်ခြင်း" စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။ ထိုစကားဝိုင်းတွင် တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးကြပြီး တာဝန်ရှိသူများမှ ပါဝင်ဆွေးနွေးကြသည့် ပညာရှင်များကို အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ခေတ်မီလက်လီရောင်းချသူများနှင့် MSME လုပ်ငန်းရှင်များအကြား တိုက်ရိုက် B2B စိစစ်ဆွေးနွေးမှုများနှင့် လုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများကို ပြုလုပ်ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)