နေပြည်တော်၊ အောက်တိုဘာ ၁၇
လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချိုတွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံလျက်ရှိသည်ကို တွေ့ရှိရပြီး ထိုသတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ထုတ်ပြန်ရေးသားထားသည်။
ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ် အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ မဖြစ် ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် ဒေါက်တာခိုင်ခိုင်စိုးက တိုက်တွန်းထားသည်။
နိုင်ငံရေးဆူပူအကြမ်းဖက်များ လှုံ့ဆော်နေစဉ်အတွင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းစေရန် ရည်ရွယ်၍ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများနှင့် တရားမဝင် facebook page များမှ ကျပ်ငွေများပြန်သိမ်းမည်ဟု သတင်းမှားများ ဖြန့်ဝေခဲ့ခြင်းကြောင့် ပြန်လည်တုန့်ပြန်ရှင်းလင်းခဲ့ရသည့် ပြဿနာများလည်း ပေါ်ပေါက်ခဲ့ဖူးသည်။ ယခုအခါတွင်လည်း အလားတူ သတင်းမှားများ ဖြန့်ချိ၍ ပြည်သူလူထု စိုးရိမ်ထိတ်လန့်အောင် လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
#Myanmar #News

No comments:
Post a Comment