ရဲစခန်းရှေ့က အိမ်၊ ၃ ကြိမ်တိုင်တိုင် အဖောက်ခံလိုက်ရလို့ အိမ်ရှင်က ရောင်းပစ်လိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရဲစခန်းရှေ့က အိမ်၊ ၃ ကြိမ်တိုင်တိုင် အဖောက်ခံလိုက်ရလို့ အိမ်ရှင်က ရောင်းပစ်လိုက်ပြီ




အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) 

ယိုးဒယား (ထိုင်း) အမျိုးသမီးတစ်ယောက်က သူ့ရဲ့အိမ်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရောင်းဖို့ ဆိုင်းဘတ်ချိတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ခွန်ခွန်ပြည်နယ်က ရဲစခန်းတွေနဲ့ အစိုးရရုံးတွေရဲ့ ရှေ့တည့်တည့်မှာ ရှိနေပါလျက်နဲ့ သုံးနှစ်အတွင်းမှာ အိမ်ဖောက်ထွင်းခံရတာ သုံးကြိမ်တောင် ရှိသွားလို့တဲ့။

အသက် ၄၄ နှစ်ရှိတဲ့ အိမ်ရှင် သနီဒါ  ရဲ့ ပြောပြချက်အရဆိုရင် လုံခြုံရေးတွေ အမျိုးမျိုး ထပ်တိုးမြှင့် ပြင်ဆင်ခဲ့ပေမယ့် အိမ်ဖောက်ထွင်းခံရတာတွေက ဆက်ဖြစ်နေတော့ ဒီအိမ်ကို ဆက်လက် မပိုင်ဆိုင်ချင်တော့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီအိမ်က မောင်းခွန်ခွန်ခရိုင်၊ ဆီလာဒေသမှာ တည်ရှိပြီး ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ စီမံခန့်ခွဲရေး ဒေသန္တရဌာန အမှတ် (၆)၊ ခရီးသွားရဲရုံးနဲ့ ဒေသခံရဲတပ်ရင်း ( ၄ )လေ့ကျင့်ရေးစခန်းတို့ရဲ့ ရှေ့တည့်တည့်မှာ တည်ရှိနေတာဖြစ်ပါတယ်။

သနီဒါတို့ မိသားစုက ဘန်ကောက်ကို ပြောင်းသွားကြတော့ ခွန်ကွန်က အိမ်ကို လူမနေဘဲ ထားခဲ့ရတယ်လေ။ ဒါပေမဲ့ သူတို့က သူခိုး မဝင်အောင် မီးတွေ ထွန်းထားခဲ့ပြီး လုံခြုံရေး ကင်မရာတွေလည်း တပ်ဆင်ထားခဲ့ပါတယ်။

အိမ်ကို နောက်ဆုံးတစ်ခေါက် ပြန်ရောက်လာတဲ့အချိန်မှာတော့ အိမ်ရှေ့ပြတင်းပေါက် ကွဲနေတာကို တွေ့ရပြီး နောက်တစ်ကြိမ် ထပ်ဖောက်ထွင်းခံထားရတဲ့ အမှတ်အသားတွေကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါနဲ့ သူက ရဲကို ဆက်သွယ်အကြောင်းကြားခဲ့ပြီး ဒါဟာ ဒီအိမ်ကို သူခိုးပစ်မှတ်ထားခံရတာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက သူခိုးတွေက ထရန်စဖော်မာကနေ အိမ်ဘက်ကို ဆွဲထားတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေကို ဖြတ်သွားခဲ့ကြတာကြောင့် ဘတ်ငွေ ၆၀,၀၀၀ နီးပါး ဖျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယအကြိမ် အိမ်ဖောက်ထွင်းခံရတာကတော့ ၂၀၂၅ခုနှစ် အလယ်လောက်မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းကဆိုရင် သူခိုးတွေက အိမ်ထဲမှာရှိတဲ့ ပစ္စည်းမှန်သမျှကို ရှင်းထုတ်သွားကြတာလေ။ အဲဒီထဲမှာ အဲယားကွန်းတွေ၊ ပန်ကာတွေ၊ ရုပ်မြင်သံကြား၊ ဘုရားဆင်းတုတော်တွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ ပန်းကန်ပြားတွေ၊ ပန်းကန်လုံးတွေ၊ နောက်ဆုံး ခက်ရင်း ဇွန်းတွေအစ မကျန်အောင် ယူသွားကြတာပါ။


REF: Thaiger

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)