မြန်မာ (ယူ-၁၇)သမီးငယ်များ အပြင်းအထန်ကြိုးစားရလိမ့်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ (ယူ-၁၇)သမီးငယ်များ အပြင်းအထန်ကြိုးစားရလိမ့်မည်


မြန်မာ (ယူ-၁၇)သမီးငယ်များဟာ ခြေစစ်ပွဲမှာ ဂူအမ် ကို (၉)ဂိုးပြတ်၊ ထိုင်ဝမ်ကို (၂-၁)နဲ့ နိုင်ပြီး AFC U17 Women's Asian Cup ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရသွားပါပြီ။

နှစ်ပွဲကစားခဲ့တဲ့ရတဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပြောဆိုမယ်ဆိုရင်တော့ စာရှည်သွားပါလိမ့်မယ်။ မြန်မာ က ဂူအမ် ကို (၉)ဂိုး ပြတ်နိုင်ခဲ့သလို ထိုင်ဝမ်ကလည်း ဂူအမ် ကို (၉)ဂိုး အထိ လိုက်သွင်းယူသွားခဲ့တာကို ကြည့်ခြင်းအားဖြင့် ထိုင်ဝမ်သည် မြန်မာနဲ့ ခြေရည်တူအဆင့်မှာ ရှိပါတယ်။ 

မြန်မာ - ထိုင်ဝမ် ပွဲစဉ်မှာလည်း ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ကနေ အသည်းအသန် ကြိုးစားရုန်းကန်ပြီး အနိုင်ဂိုး ရရှိခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

မြန်မာ (ယူ-၁၇) သမီးငယ်လေးများမှာ တစ်ယောက်ချင်းစွမ်းရည်တွေ ရှိကြသလို စုစည်းမှုလည်း အထိုက်အလျှောက် ကောင်းတယ်လို့ ဆိုရပါမယ်။

သို့သော် ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းက ဆီနီယာအမျိုးသမီးလက်ရွေးစင်အသင်းကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို သင်ခန်းစာယူရမှာပါ။ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့နဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ခြေစွမ်းပိုင်း၊ သက်လုံပိုင်း၊ တစ်ဦးချင်းစွမ်းရည်ပိုင်း လိုက်လို့မမီသေးတာကို အထင်အရှား တွေ့ခဲ့ရတယ်။

ဒါကြောင့် တိုတိုကျဉ်းကျဉ်း တိုက်တွန်းအားပေးစကား ပြောလိုတာက ဒေသတွင်း ပြိုင်ဘက်တွေမှာ သူတင် ကိုယ်တင် ခြေစွမ်းမျိုးရှိပါတယ်။ သို့သော် အာရှထိပ်သီးအသင်းတွေရဲ့ ခြေစွမ်းပိုင်းကို လေ့လာပြီး ပြင်ဆင်ထားမှ နောက်တစ်ဆင့်မှာ အကောင်းဆုံးရလဒ်တွေ ရယူနိုင်လိမ့်မယ်။ အဓိကအားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အခြေအနေမျိုးကို ရောက်အောင် ကြိုးစားပြင်ဆင်ထားမှသာ အောင်မြင်မှုတွေ ရရှိနိုင်ပါလိမ့်မယ်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)