ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခင်းအကျင်းနဲ့ LFC ရဲ့ လက်ဝှေ့ပြိုင်ပွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခင်းအကျင်းနဲ့ LFC ရဲ့ လက်ဝှေ့ပြိုင်ပွဲ








LFC တည်ထောင်သူတစ်ဦးဖြစ်တဲ့ Nick Chapman က လက်ဝှေ့ကို ကမ္ဘာ့အဆင့် မြှင်တင်ဖို့လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အချိန်နဲ့အမျှ တင်ပြပေးနေပါတယ်။ သူတို့ရဲ့ ဆောင်ရွက်မှုပုံစံကို ကြည့်ရတာနဲ့တင် အတော်လေး အားရကျေနပ်နေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လက်ဝှေ့အားကစားဟာ မြှင့်တင်မယ့်သူမရှိလို့ ပုံရိပ်ကျဆင်းနေတဲ့ အခင်းအကျင်းမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေက စိတ်ဝင်တစားရှိပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးပြီး Lethwei Fighting Championship (LFC) ဆိုတာကို တစ်ဆင့်ချင်းတက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ပြင်ဆင်မှု ကာလအားဖြင့်လည်း တော်တော်လေး အချိန်ယူကြိုးစားလုပ်ဆောင်လာတာကို တွေ့ရပါတယ်။

သူတို့တွေရဲ့ ကြိုးစားပြင်ဆင်မှုကနေ "LFC 1: The Legacy Begins" ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Hexagon Complex ၌ ကျင်းပသွားမှာဖြစ်ပါတယ်။ မူလက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသော်လည်း ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း ပြိုင်ပွဲကို သုံးပတ်နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ပြောင်းလဲရခြင်းနဲ့ ပတ်သက်လို့လည်း ရှင်းလင်းပြောဆိုထားပါတယ်။

Nick Chapman ပြောဆိုထားတာက "ပထမအချက်အနေဖြင့် ပွဲစဉ်ဇယားကြောင့် ဖြစ်ပါတယ်။ LFC 1 အတွက် ကျွန်ုပ်တို့ ခေါ်ယူလိုသော မြန်မာလက်ဝှေ့သမား အများစုမှာ မူလရက်စွဲတွင် အားလပ်မှု မရှိကြပါ။ ဤပထမဆုံးပွဲစဉ်သည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသောကြောင့် ပွဲစဉ်ဇယားကို လျှော့ပေါ့စီစဉ်မည့်အစား အကောင်းဆုံး ကစားသမားစာရင်းကို စုစည်းနိုင်ရန် အချိန်စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယအချက်အနေဖြင့် ပြိုင်ပွဲကျင်းပမည့်နေရာကို အဆင့်မြှင့်တင်ခြင်း ဖြစ်ပါတယ်။ LFC ဝက်ဘ်ဆိုက်မှတစ်ဆင့် လက်မှတ်ဝယ်ယူရန် စိတ်ဝင်စားမှုနှင့် တုံ့ပြန်မှုများမှာ ကျွန်ုပ်တို့ မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေပါတယ်။ ထိုသို့ ဝယ်လိုအား မြင့်မားနေခြင်းကြောင့် LFC 1 ကို ရန်ကုန်မြို့ရှိ Hexagon Complex သို့ ပြောင်းရွှေ့ခဲ့ပြီး ပိုမိုကြီးကျယ်ခမ်းနားသော တိုက်ရိုက်ပွဲစဉ် အတွေ့အကြုံကို ဖန်တီးပေးနိုင်ရန် အခွင့်အရေး ရှိလာပါတယ်။" လို့ ရေးသားထုတ်ပြန်ထားပါတယ်။

ဒီအခြင်းအရာကို ကြည့်ခြင်းအားဖြင့် LFC ကို ပရိတ်သတ်များ စိတ်ဝင်တစား မျှော်လင့်နေကြတာက ထင်ရှားပါတယ်။ သူတို့ရဲ့ အခင်းအကျင်းဟာလည်း မြန်မာပရိတ်သတ်တွေ စိတ်ဝင်တစားဖြစ်လောက်အောင်အထိကို စနစ်တကျ လုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့ပရိတ်သတ်တွေဟာ ပြည်တွင်းမှာ စနစ်တကျလုပ်ဆောင်ရွက်ထားတဲ့ ပရိုမိုးရှင်းမျိုးမရှိတဲ့အခါကြတော့ UFC, One တို့ကို အသည်းအသန် အားပေးနေကြတာ တွေ့ရမှာပါ။ အခု LFC က မြန်မာ Vs ကမ္ဘာ ဆိုတဲ့ အခင်းအကျင်းနဲ့ မြန်မာဖိုက်တာတွေကို ဦးစားပေးစာချုပ် ချုပ်ဆိုပြီး နိုင်ငံခြားက ထင်ရှားတဲ့ ဖိုက်တာတွေကိုလည်း ချပြလာနေပါတယ်။ ဒါက မြန်မာဖိုက်တာတွေရဲ့ အစွမ်းကို အထင်အရှား တွေ့မြင်နိုင်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ စီစဉ်မှုဖြစ်နေပါတယ်။ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေပါတယ်။

Nick Chapman က "နှစ်နှစ်တာ ကြိုးပမ်းအားထုတ်မှု၊ ယခု စတင်ပါပြီ။ ဤသည်မှာ LFC အတွက် အရေးကြီးသော အချိန်အခါ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ရင်းနှီးမြှုပ်နှံမှု အဆင့်များ ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုလက်ခံခြင်းနှင့် တရားဝင် ကော်ပိုရိတ်ဖွဲ့စည်းပုံများ အားလုံး ပြီးစီးပြီဖြစ်၍ LFC အနေဖြင့် ပြိုင်ပွဲများကို စတင်ကျင်းပရန် အပြည့်အဝ အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ ဤအဆင့်သို့ ရောက်ရှိရန် အချိန် နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ LFC ကို တည်ထောင်ခြင်းသည် နေရာငှားရမ်းပြီး ပြိုင်ပွဲများ ကျင်းပရုံ သက်သက် မဟုတ်ပါ။ မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာ စင်မြင့်သို့ ပို့ဆောင်ရန် လိုအပ်သော အခြေခံအဆောက်အအုံများကို မြင်ကွင်းနောက်ကွယ်တွင် ကျွန်ုပ်တို့ တည်ဆောက်နေခဲ့ပါတယ်။ အဖွဲ့ချုပ်နှင့် အစိုးရ ဆက်ဆံရေးများ၊ အားကစားဆိုင်ရာ ခွင့်ပြုချက်များ၊ ကစားသမားများ၏ လုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာ စည်းမျဉ်းများ၊ နိုင်ငံတကာ အသိအမှတ်ပြု ဆက်ဆံရေးများ၊ ရုပ်သံထုတ်လွှင့်မှုနှင့် ထုတ်လုပ်ရေး အခြေခံအဆောက်အအုံများ၊ စပွန်ဆာနှင့် စီးပွားရေးမိတ်ဖက်များ၊ ကစားသမား စုဆောင်းမှု၊ နိုင်ငံတကာသို့ ဖြန့်ချိမှုနှင့် အခြားကိစ္စရပ်များစွာ ပါဝင်ပါတယ်။ ယခုအခါ ထိုအခြေခံလုပ်ငန်းစဉ်များ အားလုံး အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သော အံ့မခန်း လက်ဝှေ့ပွဲစဉ်များ ကျင်းပခြင်းကို ယခု စတင်လုပ်ဆောင်တော့မည် ဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။

LFC 1 အတွက် ကျွန်ုပ်တို့သည် ရိုးရှင်းသော အယူအဆတစ်ခုအပေါ် အခြေခံ၍ ပွဲစဉ်များကို စီစဉ်ထားပါတယ်။ မြန်မာ VS ကမ္ဘာ။ တစ်ဖက်တွင် မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး လက်ဝှေ့သမားများ ပါဝင်မှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်တွင် အဆိုပါ ကစားသမားများကို ၎င်းတို့၏ ကိုယ်ပိုင် အားကစားနည်းဖြင့် စိန်ခေါ်ရန် ရန်ကုန်သို့ လာရောက်မည့် နိုင်ငံတကာမှ ကစားသမားများ ပါဝင်မှာ ဖြစ်ပါတယ်။ လာမည့် သီတင်းပတ်များအတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့ ပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ် ပွဲစဉ်ဇယားများကို တစ်ပွဲချင်းစီ စတင်ထုတ်ပြန်သွားမယ်။ ကစားသမားများနှင့် ရင်းနှီးကျွမ်းဝင်ခွင့်၊ ၎င်းတို့၏ ဖြတ်သန်းမှု သမိုင်းကြောင်းများကို သိရှိခွင့်နှင့် ပြိုင်ဆိုင်မှုများကို စောင့်ကြည့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မြန်မာကစားသမားများနဲ့ စာချုပ် ချုပ်ဆိုပြီး Nick Chapman ထပ်မံချပြထားတာက "နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပမယ့် LFC 1: The Legacy Begins ပွဲစဉ်အတွက် မြန်မာကစားသမားအချို့နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က မနေ့ကနေ့ရက်ဟာ အလွန်ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ မြန်မာ vs ကမ္ဘာ၊ အနီထောင့် - မြန်မာကစားသမားများ၊ အပြာထောင့် - ကမ္ဘာတစ်လွှားမှ ကစားသမားများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် ကစားသမားအချို့ကို ဖော်ပြထားရာမှာ မြန်မာ့လက်ဝှေ့နယ်ပယ်မှာ ထင်ရှားတဲ့ ကစားသမားများဖြစ်ပါတယ်။ 

လာမယ့်သီတင်းပတ်တွေမှာ ပွဲစဉ်တစ်ခုချင်းစီအကြောင်း အသေးစိတ်အချက်အလက်တွေ၊ ကစားသမားတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ၊ ကိုယ်ရေးအချက်အလက်တွေနဲ့ မိတ်ဆက်ဗီဒီယိုတွေကို ဆက်လက်ကြေညာပေးသွားမှာဖြစ်လို့ ကစားသမားတွေ ကြိုးဝိုင်းထဲကို မဝင်ရောက်လာခင်မှာ သူတို့အကြောင်းကို ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ် လို့ အသိပေးထားပါတယ်။

ဒါက တကယ့်ကို စိတ်ဝင်စားဖွယ်ရာ စီမံဆောင်ရွက်နေတဲ့ LFC ရဲ့ ပွဲဦးထွက် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ လက်ဝှေ့ပရိတ်သတ်များကို တကယ်ပဲ ရင်ခုန်စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်တဲ့ စီမံဆောင်ရွက်မှုများဖြစ်လို့ အသိအမှတ်ပြုရပါတယ်။ LFC အောင်မြင်မှုရပြီး မြန်မာကစားသမားများလည်း အောင်မြင်မှုသရဖူကို မြန်မာအဆင့်သာမက ကမ္ဘာ့အဆင့်အထိ မြန်မာ့ဂုဏ်ကို ဆောင်နိုင်ကြပါစေ


နောင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)