ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ





ပခုက္ကူ၊ အောက်တိုဘာ ၁၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စားမေးပွဲ ပညရည်ချွန်ဆုနှင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ဘာသာဂုဏ်ရှင်(၄)ဦး၊ ၁ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ရိုးရိုးအောင်မြင်သူ ၃ဦး စုစုပေါင်းဝန်ထမ်းသားသမီး ၈ဦးတို့အား ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုတင်တို့က ပညာရည်ချွန်ဆုနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)