အနောက်နိုင်ငံတွေက မကြိုက်ပေမဲ့ ထရမ့်ကတော့ ပူတင်ကို G20 အစည်အဝေးပွဲကို ဖိတ်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်နိုင်ငံတွေက မကြိုက်ပေမဲ့ ထရမ့်ကတော့ ပူတင်ကို G20 အစည်အဝေးပွဲကို ဖိတ်ထား


အောက်တိုဘာ - ၁၇ ( စနေနေ့ ) 

မော်စကိုအစိုးရကို အထီးကျန်ဖြစ်သွားအောင် ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေဘက်က ကြိုးပမ်း နေကြပေမဲ့၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်မှာ ကျင်းပမယ့် လာမယ့် G20 (စက်မှုထိပ်သီးနိုင်ငံ ၂၀ )  ထိပ်သီးဆွေးနွေးပွဲကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းမှာ သမ္မတရာထူး ပြန်စယူပြီးကတည်းက ထရမ့်ဟာ ယူကရိန်းပဋိပက္ခကြောင့် ရုရှားနဲ့ အဆင့်မြင့်အစည်းအဝေးတွေကို ရပ်ဆိုင်းထားခဲ့ကြတဲ့ အနောက်နိုင်ငံ မဟာမိတ်အများစုရဲ့ လမ်းစဉ်နဲ့ သီးခြားခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

မိုင်ယာမီမြို့မှာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဆိုပါ ထိပ်သီးဆွေးနွေးပွဲ ကို ပူတင်အား ဖိတ်ကြားခံခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြီးခဲ့တဲ့လက အတည်ပြုပေးခဲ့ပါတယ်။

“သူလာမလားတော့ ကျနော်လည်း မသိသေးဘူး။ ဒါပေမဲ့ သူ လာမယ်ဆိုရင်တော့ ကျနော် တကယ်ပဲ သဘောကျပြီး ဖိတ်ခေါ်ချင်ပါတယ်” လို့ သမ္မတပူတင် တက်ရောက်လာနိုင်ချေရှိ၊မရှိ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သောကြာနေ့က ထရမ့် ပြောကြားခဲ့ပါတယ်။

ဖိတ်ကြားချက်အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ သမ္မတပူတင် တက်ရောက်မယ့်ကိစ္စကိုတော့ ဆုံးဖြတ်ချက် မချရသေးကြောင်း ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားအနေနဲ့ “G20 ရဲ့ လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်သွားမယ်” လို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

အခုလို ဖိတ်ကြားမှုအပေါ် ဥရောပသမဂ္ဂ (အီးယူ) အရာရှိတွေနဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ အီးယူ ရဲ့ ထိပ်တန်းသံတမန် ကာဂျာ ကလပ်စ် ကတော့ “စစ်ပွဲတွေ စတင်နေသူတွေကို သာမန်အတိုင်း ပြန်ဆက်ဆံဖို့ လုပ်ဆောင်တာဟာ လုံးဝ မှားယွင်းတဲ့ လမ်းကြောင်းတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)