အစ္စရေးက ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုတ်နေလို့ အီရန်ကို တိုက်ခိုက်မှု ခဏနားထားနိုင်တယ်လို့ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးက ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုတ်နေလို့ အီရန်ကို တိုက်ခိုက်မှု ခဏနားထားနိုင်တယ်လို့ဆို


အောက်တိုဘာ - ၁၇ ( စနေနေ့ ) 

အစ္စရေးနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အဝန်းကြားမှာတော့ လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ ပါလီမန်ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ အစ္စရေးဘက်က အီရန်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြတယ်လို့ ဝိုင်နက်နယူး သတင်းဌာန က ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်လာတာကတော့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့တုန်းက စစ်တပ်ရေဒီယို  ကို ပြောကြားခဲ့ရာမှာ လက်ရှိအခြေအနေမှာ အီရန်ကို ကြိုတင်လက်ဦးမှုယူပြီး တိုက်ခိုက်ဖို့ဆိုတာ “မဖြစ်နိုင်သေးဘူး/ အဆင်မပြေသေးဘူး” လို့ ပြောခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း “အီရန်ရဲ့ လက်ပါးစေတွေ” က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြံစည်နေကြတယ်လို့ သူက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

“အီရန်ဘက်ကသာ ကျွန်တော်တို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရင်တောင်မှ လူတွေက ကျနော်ကိုပဲ အပြစ်တင်ကြလိမ့်မယ်” လို့ သူက ဆိုခဲ့ပြီး၊ ဘယ်လိုတိုက်ခိုက်မှုမျိုးလာလာ အစ္စရေးဘက်က လက်တုံ့ပြန်သွားမယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။

အစ္စရေးရွေးကောက်ပွဲနဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အီရန်ကို တိုက်ခိုက်ပေးဖို့ ဝါရှင်တန်အစိုးရကို နေတန်ယာဟု တိုက်တွန်းခဲ့တယ်လို့ ချန်နယ်၁၂ ရဲ့ သတင်းဖော်ပြချက် ထွက်ပေါ်လာပြီးနောက်မှာ, အဲဒီယူဆချက်တွေကို နေတန်ယာဟုက ငြင်းပယ်ဖို့ ကြိုးစားခဲ့ပါတယ်။

နေတန်ယာဟုဟာ အီရန်ကို “နောက်တစ်ခေါက် ထပ်တိုက်ချင်နေပုံရတယ်” လို့ အမေရိကန်အရာရှိ တစ်ဦးက ပြောခဲ့ကြောင်း အေဇီယော့သတင်းဌာန ကလည်း ဒီတစ်ပတ်အစောပိုင်းမှာ ကိုးကား ဖော်ပြခဲ့ပါသေးတယ်။ နေတန်ယာဟုရဲ့ ရုံးခန်းကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)