လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား ဖယ်ရှားရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား ဖယ်ရှားရှင်းလင်း








နေပြည်တော်၊ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်း ဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ငဝန်မြစ်ရေသည် အောက်တိုဘာ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၌ လည်းကောင်း၊ ယမန်နေ့က ကျောင်းကုန်း မြို့နယ်၌လည်းကောင်း၊ ရေများ ပြန်လည် ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ငဝန်မြစ်ရေသည် ရေကြည်မြို့နယ်အတွင်း ၈ ပေ ၁၀ လက်မခန့်၊ ငါးသိုင်းချောင်းမြို့နယ်အတွင်း ကိုးပေငါးလက်မခန့်၊ ကျုံပျော်မြို့နယ် အတွင်း ခြောက်ပေ ရှစ်လက်မခန့်နှင့် ကျောင်းကုန်းမြို့နယ်အတွင်း ခြောက်ပေကိုးလက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရေပြန်လည်ကျဆင်း သွားခဲ့သည့်မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)