ပခုက္ကူမြို့၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ




ပခုက္ကူ၊ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာဝေဝေဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ လူစည်ကား ရာနေရာများဖြစ်သော ဧရာဝတီတံတား(ပခုက္ကူ)ထိပ်ရှိ မြို့မလမ်းနှင့်မြို့ရှောင်လမ်းဆုံနှင့် ပခုက္ကူမြို့၊အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးရှေ့ရှိ မြို့မလမ်းနှင့်ထင်းတန်းလမ်းဆုံတို့တွင် “အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကာလဝယ် ကျန်းမာအောင်နေကြမယ်”အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူကြပြီးလူစည်ကားရာမြို့မဈေးကြီးနှင့်လမ်းဆုံလမ်း ခွနေရာများရှိ ပြည်သူများထံ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကြ ကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)

#Myanmar #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)