ကျိုက်ထို၊ အောက်တိုဘာ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ (၁၆)ရက် နံနက် (၉) နာရီတွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံစောလှိုင်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအား သီတင်းကျွတ်လပြည့် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘုရားပွဲတော် ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျိုက်ထီးရိုးဂေါပကအဖွဲ့၊တောင်တက်မော်တော် ယာဉ်အသင်း၊ဈေးသူ၊ဈေးသားများ၊ဟိုတယ်၊တည်းခိုခန်း လုပ်ငန်းရှင်များမှသက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင့်လွင်မှ
တောင်တက်မော်တော်ယာဉ်များ ကြံခိုင်မှုရှိစေရေး၊ တောင်တက်လမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များ ရှင်းလင်းစေရေး၊ ဘုရားဖူးလာ ပြည်သူများစိတ်အေးချမ်းသာယာစွာဖူးမြှော်နိုင်ရေး၊ မိလ္လာနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးတို့ကို ဝိုင်းဝန်းပူးပေါင်းစေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသောဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊တောင်တက်မော်တော်ယာဉ်အသင်း၊ရိုးရိုးလေးဟိုတယ်နှင့် ကျိုက်ထိုဟိုတယ်မှတာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပပြုနိုင်ရေးဝိုင်းဝန်းဆွေးနွေးကြကြောင်းသိရသည်။
ပြည့်ဖြိုး
#Myanmar #News



No comments:
Post a Comment