၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

 


နေပြည်တော်၊ အောက်တိုဘာ ၁၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေး ပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲ အလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ်ဆရာ ဆရာမ ကြီးများသည် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန် ၁၅-၁၀-၂၀၂၆ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ထို့နောက် အဆိုပါထူးချွန်ကျောင်းသား ကျောင်းသူများသည် ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးသို့ ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးကခရီးစဉ်နှင့်ပတ်သက်၍ရှင်းလင်း ပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် မြန်မာသံရုံးမှ Kasetsart University သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက တက္ကသိုလ်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး နိုင်ငံတကာဘွဲ့ကြိုသင်တန်းကို လေ့လာခဲ့ကြသည်။

ညနေပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် Baiyoke Tower ၌ ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုလေ့လာခဲ့ကြသည်။

၁၆-၁၀-၂၀၂၆ ရက်နေ့က ထူးချွန်ကျောင်းသား ကျောင်းသူများသည် မြဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရှေးဟောင်းဗိသုကာ လက်ရာများ၊ နံရံဆေးရေးပန်းချီများကိုလေ့လာကြကာ Siam Ocean World တွင် ရေအောက်ဖန်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ငါးမန်း၊ ပင်လယ် လိပ်နှင့် ငါးအုပ်ကြီးများ ကူးခတ်နေမှုများ၊ အရောင်အသွေးစုံလင် လှပသည့် ရေခူများ၊ ရေချိုသတ္တဝါများ၊ ပင်လယ်ဖျံများ၊ ရေနေသတ္တဝါများ ကျက်စားနေထိုင်ပုံများနှင့် ပင်လယ်ရေအောက်သတ္တဝါများကို လက်တွေ့ ကျကျလေ့လာကြသည်။ ထို့ပြင် Madame Tussauds Museum ပြတိုက် ရှိ သိပ္ပံပညာရှင်များ နှင့် သမိုင်းဝင် နိုင်ငံ့ခေါင်းဆောင်များ၏ ရုပ်တုများ၊ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များ၊ ကမ္ဘာ့နာမည်ကျော် အားကစားသမားများ၊ ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ ထင်ရှားသည့် အနုပညာသမားများ၏ ပုံတူဖယောင်းရုပ်တုများနှင့် ဖယောင်းရုပ်တုပြုလုပ်ပုံ အဆင့်ဆင့်တို့ကို သွားရောက်လေ့လာကြသည်။ အဆိုပါ ထူးချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။  


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)