အောက်တိုဘာ - ၁၇ ( စနေနေ့ )
သမ္မတ ဗလာဒီမာ ပူတင်ထံကို ရုရှားစစ်ဦးစီးချုပ် ဗလာရီ ဂီရာစီမော့ဗ် က သတင်းပေးပို့ခဲ့တာကတော့ ဒွန်ဘားစ်ဒေသက ယူကရိန်းတို့ရဲ့ အဓိကခံတပ်မြို့တစ်မြို့ဖြစ်တဲ့ ဒိုဘရိုပိုယီမြို့ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဂီရာစီမော့ဗ်က ပြောပြတာကတော့ တပ်မဟာ အသီးသီးက တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြပြီး ယူကရိန်းတပ်သားတွေ ကျန်နေသေးလားဆိုတာ မြေအောက်ခန်းတွေအထိ လိုက်လံရှာဖွေနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပူတင်ကတော့ ရုရှားတိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ "သေချာညှိနှိုင်းဆောင်ရွက်နိုင်မှုနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု" တွေကို ချီးကျူးခဲ့ပြီး ယူကရိန်းဘက်က ဒီဒိုဘရိုပိုယီမြို့ကို တကယ်ကို "ခိုင်မာတဲ့ခံတပ်ကြီး" တစ်ခုဖြစ်အောင် လုပ်ထားခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။ စက်တင်ဘာလနှောင်းပိုင်းတုန်းကလည်း ဒိုဘရိုပိုယီမြို့ကို ဝိုင်းရံထားလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ဖူးပါတယ်။
အခုလို ဒီမြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ ဒွန်နက်စ်ဒေသရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ယူကရိန်းတို့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ အဓိကခံတပ်မြို့ဖြစ်တဲ့ ဆလာဗျန့်စ်-ခရာမာတော့စ် ဘက်ကို ရုရှားတွေ ဆက်လက်ချီတက်နိုင်ဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်လာစေပါတယ်။
သမ္မတ ပူတင်က ရုရှားနယ်စပ်ဒေသတွေရဲ့ လုံခြုံရေးဟာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်းနဲ့ ယူကရိန်းဘက်ခြမ်းမှာ "ကြားခံနယ်မြေ " တစ်ခု ဖန်တီးဖို့အတွက် DPR (ဒိုနက်စ် ပြည်သူ့သမ္မတနိုင်ငံ) ရဲ့ ကျန်ရှိနေတဲ့ နယ်မြေတွေကိုပါ အပြည့်အဝ သိမ်းပိုက်သွားဖို့ ရည်မှန်းထားကြောင်း ပြောဆိုခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment