နိုင်ငံတကာသတင်းတစ်ပုဒ်နဲ့ ဆက်စပ်ပြီး ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များ သတိပြုမိစေဖို့၊ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးတဲ့ ငပိန်းတွေလည်း သတိပြုမိစေဖို့ ပြန်လည်ကောက်နှုတ် တင်ပြခြင်းဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့အပါအဝင် တချို့သော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ဆိုသူများသည်လည်း မြန်မာပြည်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့်တိုင်အောင် သူတို့တွေရဲ့ မိသားစုတွေမှာ ပြည်ပနိုင်ငံများမှာ ခိုလှုံခွင့်၊ နေထိုင်ခွင့်၊ နောက်တော့ သူတို့ရောက်ရှိနေတဲ့ တိုင်းပြည်တွေမှာ နိုင်ငံသားအဖြစ်ပါ ခံယူလိုက်ကြတာ ဖြစ်ပါတယ်။
လက်တလော အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် အလှူရှင်တွေက ဆန္ဒပြခေါင်းဆောင်တွေကို ကူညီနေတယ်ဆိုတဲ့ သတင်းတွေ့မြင်ခဲ့ရပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ မြန်မာပြည်တွင်း ဆူပူဆန္ဒပြ အကြမ်းဖက်လုပ်ရပ်များ လုပ်ခဲ့ကြသူတွေဟာလည်း အမေရိကန်က အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ လုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မင်းကိုနိုင်တို့ကို ပြည်ပကနေ လွှဲတဲ့ အမေရိကန်ဒေါ်လာ ၅သန်းမှာ တစ်သန်းကျော်လောက် ထုတ်သုံးပြီးပြီ။ အစိုးရက သိလို့ ထိန်းသိမ်းလိုက်တဲ့အခါမှာ ၃သန်းကျော်လောက် ပြည်ဖျက်မိစ္ဆာတွေ ထုတ်မသုံးလိုက်ရဘူး။ ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်လှုံ့ဆော်ခဲ့တဲ့ အနုပညာရှင်တွေထံမှာ ငွေကြေးသိန်းပေါင်းများစွာ သိန်းဆည်းရရှိခဲ့တယ်။ ပရဟိတအယောင်ပြ ကျော်သူ၊ ဇီးကွက်မ တို့ လင်မယားဆီက သိန်းပေါင်း (၆၀၀၀၀) နီးပါး သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာ ဇနီးမောင်နှံ က အပြေးမြန်လို့ လွတ်သွားခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် အိန္ဒိယဆန္ဒပြပွဲအတွင်း ထူးခြားတဲ့ ဖြစဉ်တစ်ခုက "ဆန္ဒပြပွဲတွင် ဝင်ပါခဲ့သည့် ဘောလိဝုဒ်မင်းသား အီမရန်ခမ်းကို အိန္ဒိယအစိုးရ နိုင်ငံမှ နှင်ထုတ်" တဲ့ သတင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဘောလိဝုဒ်မင်းသား အီမရန်ခမ်းအား လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ ယခုလကုန်ကို နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် အိန္ဒိယ အာဏာပိုင်များက ညွှန်ကြားလိုက်ခြင်းဖြစ်ပါတယ်။
အီမရန်ခမ်းသည် အောက်တိုဘာလ ၁၀ ရက်နေ့က မွမ်ဘိုင်းမြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခု၌ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိ အီမရန်ခမ်းသည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း Indian Express သတင်းစာက ဖော်ပြချက်အရ သိရပါတယ်။ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံရေးဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားခြင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းများကို ဖောက်ဖျက်မှုအဖြစ် အိန္ဒိယ ဥပဒေအရ သတ်မှတ်ခံရနိုင်ဖွယ်ရှိပါတယ်။ အီမရန်ခမ်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ညွှန်ကြားထားကြောင်း Times of India သတင်းစာက ဖော်ပြခဲ့ပါတယ်။
အသေအချာစဉ်းစားရင် အဖြေပေါ်ပါတယ်။ အိန္ဒိယပြည်သူတွေ မကျေမနပ်ဖြစ်လို့ ဆန္ဒပြတဲ့ပွဲမှာ အိန္ဒိယနိုင်ငံသားမဟုတ်တဲ့သူက ပါဝင်ပြီး လှုံ့ဆော်တာ ဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်အရေးကို ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။ အမျိုးသားရေးရှုထောင့်က ပြောရင်လည်း ဒီလုပ်ရပ်မျိုးဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကြောင့် အိန္ဒိယအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်ဟာ မှန်ကန်နေပါတယ်။
အလားတူပဲ ကျွန်တော်တို့ မြန်မာပြည်မှာ ဝှိုက်ကတ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ်။ ဒါကို ခွင့်မပြုသင့်ကြောင်း ကျွန်တော်တို့တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ စုပေါင်းဆန္ဒပြဆန့်ကျင်ခဲ့ကြဖူးပါတယ်။ ဝှိုက်ကတ်ဆိုတာက အဲဒီလူတွေ ဘယ်နိုင်ငံသားမှန်းမသိ မြန်မာနိုင်ငံထဲ ရောက်နေလို့ စိစစ်နိုင်ရန် ထုတ်ပေးထားတဲ့ ကတ်တစ်မျိုးသာ ဖြစ်ပါတယ်။ အဲဒီကတ်မှာ ရေးသား ဖော်ပြထားတာကိုက (မည်သည့်နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ လက်မှတ်မဟုတ်) ဆိုတာကို အတိအလင်း ဖော်ပြပါရှိတဲ့အတွက် ရခိုင်တိုင်းရင်းသားပါတီကလည်း ကန့်ကွက်သလို မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီကလည်း ကန့်ကွက်ခဲ့တယ်။ အဲဒီကိစ္စဟာ အောင်မြင်ခဲ့ပါတယ်။ ဝှိုက်ကတ်ကိုင်ဆောင်ထားသူ အများစုဟာလည်း ခိုးဝင်တွေပဲ ဖြစ်ပါတယ်။ ခိုးဝင်တွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ပါဝင်ပြီး အဆုံးအဖြတ်ပေးတာမျိုးတော့ ဘယ်သင့်တော်ပါ့မလဲဗျာ။ ဒါက အမှန်တရား၊ အမှန်တရားက အနိုင်ရခဲ့တယ်လို့ ဆိုပါတော့။
ဘောလိဝုဒ်မင်းသား အီမရန်ခမ်း ကိစ္စပြန်ဆက်ရရင် ရုပ်ရှင်၊ အားကစား နယ်ပယ်စုံမှာ အိန္ဒိယသွေး ဖြစ်သော်လည်း အနောက်နိုင်ငံတွေကို ပြောင်းရွှေ့နေထိုင်တဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ရှိပါတယ်။ အထင်ရှားဆုံးအဖြစ် အောင်လအန်ဆိုင်း၊ ဂျော့ရှုဝါဗန် တို့ဟာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို မြန်မာပြည်ကလည်း အားပေးဝန်းရံကြပါတယ်။ အတိုင်းထက် အလွန် ချစ်ခင်အားပေးကြပါတယ်။ သို့သော် သူတို့တွေသည် မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပြီး အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေတော့ မဟုတ်ကြတော့ပါဘူး။ အကြောင်းက အမေရိကန်နိုင်ငံသား ခံယူထားပြီး ဖြစ်လို့ပါပဲ။
ထိုးနည်းတူစွာပါပဲ အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ပြီး အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ သြစတေးလျ နိုင်ငံများကို ထွက်ပြေးရောက်ရှိသွားပြီး အဲဒီနိုင်ငံများမှာ နိုင်ငံသားအဖြစ် ခံယူလိုက်ကြတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်များနဲ့ လော်ဘီများ ရှိပါတယ်။ အမျိုးသားရေးအမြင်ရှိတဲ့သူတွေကတော့ အထွေအထူး ပြောစရာမလိုဘူး။ ဒီလူတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိတော့ဘူးဆိုတာကို သိမြင် နားလည်ပါတယ်။ သို့သော် ငပိန်းတွေကတော့ မသိကြပါဘူး။ သူတို့တွေက ပြည်တွင်းမှာ အကြမ်းဖက်သမားများအဖြစ်နဲ့ တိုက်ပွဲဝင်ပြီး သူတို့နိုင်တဲ့တစ်နေ့ NUG က ကောင်တွေ၊ ကောင်မတွေ လာပြီး အုပ်ချုပ်လိမ့်မယ်ပေါ့။ အလွန်အမင်း အတွေးချော်ခြင်းဖြစ်ပါတယ်။
NUG အကြမ်းဖက်အဖွဲ့က ကောင်တွေ၊ ကောင်မတွေကတော့ သူတို့အနေအထားနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို သိတာပေါ့။ ပြည်တွင်းက ငပိန်းတွေကိုတော့ ဒါတွေ ဘယ်ပြောပါ့မလဲ။ အဆိုတော် မဲမဲကျော်သိန်း ဆိုတဲ့ကောင်မလေး သူဆိုရင် အခု ပြင်သစ်မှာ နိုင်ငံသားရသွားပြီ။ လွတ်လွတ်လပ်လပ် အာချောင်လို့ ရပြီ။ မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးတယ်ဆိုရင် မြန်မာအစိုးရက သက်ဆိုင်ရာ နိုင်ငံကို ဝရမ်းပြေးလွှဲပေးဖို့ တောင်းခံလာရင် မြန်မာပြည်ပြန်လာပြီး ထောင်ထဲဝင်ရမှာ။ သို့သော် အစိုးရကလည်း မလုပ်ပါဘူး။ အဲဒါကို သိလို့ မဲမဲကျော်သိန်းတို့ကလည်း ပြင်သစ်ရောက်ပြီဆိုတာနဲ့ နိုင်ငံသားဖြစ်ခွင့်ရဖို့ အဓိကအလေးထား လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပါပဲ မင်းမော်ကွန်း (ခ) ကျော်ကျော်ဌေးလွင်၊ ကျားပေါက် (ခ) ဟန်ထူးလွင်၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ အာဇာနည် တို့ အားလုံးဟာ သူတို့ရောက်ရာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ရဖို့ အဓိကပါ။ သူတို့မှာ အဲဒီလို ရဖို့ မျှော်လင့်ချက်က အကြမ်းဖက်လှုံ့ဆော်မှုတွေ မလုပ်ခင်ကတည်းက နိုင်ငံရေးသမားတွေက မျှော်လင့်ချက်ပေးထားပြီးသား ဖြစ်ပါတယ်။
အနုပညာရှင်တွေတောင် အဲဒီလို အနေအထားမျိုးဆိုရင် NUG အကြမ်းဖက်အဖွဲ့က မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဇင်မာအောင် အစရှိသော ပုဂ္ဂိုလ်များ ကမ္ဘာပတ်ပြီးသွားနေတာ မြန်မာနိုင်ငံသားအနေနဲ့လား၊ အမေရိကန်နိုင်ငံသား၊ အင်္ဂလန်နိုင်ငံသား အနေနဲ့လား ငပိန်းတွေ မေးကြည့်ကြအုံး။ တလောလေးကပဲ မဲမဲကျော်သိန်း အမေရိကန်မှ အာဇာနည်နဲ့အတူ ရှိုးပွဲလုပ်ဖို့ဟာ အမေရိကန်က ပြည်ဝင်ခွင့် မပေးဘူး။ မြန်မာပြည်ဖွားဖြစ်နေလို့ပါပဲ။ မဲမဲကျော်သိန်း က ပြောပြတယ်လေ။ သူ မြန်မာပက်စ်ပို့စ် ကိုင်ထားတာ မဟုတ်ဘူး။ ပြင်သစ်ပက်စ်ပို့စ် ကိုင်ထားတာတောင် မွေးဖွားရာဇာတိ မြန်မာပြည်က ဖြစ်လို့ အမေရိကန်လူဝင်မှု ကြီးကြပ်ရေးက ပြည်ဝင်ခွင့်မပေးပါဘူးတဲ့။
လက်ရှိ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရက အဲဒီပြဿနာတွေကို သိတယ်။ မြန်မာနိုင်ငံသားတွေ နိုင်ငံရေးအကြောင်းပြပြီး အမေရိကန်ကိုရောက် အမေရိကန်မှ ခိုလှုံခွင့်တောင်းပြီး နေထိုင်ကြတယ်။ ပြန်နှင်လွှတ်ဖို့ ခက်ခဲသွားတယ်။ အမေရိကန်မှာ ခိုလှုံနေတဲ့ မြန်မာပြည်က နိုင်ငံရေးသမားတွေက နေတတ်ထိုင်တတ် သဘောမျိုးရှိတယ်လို့ ပြောရမယ်။ အမေရိကန်နိုင်ငံရေးမှာ ဝင်ရောက်နှောက်ယှက်တာမျိုး မရှိသေးဘူး။ အမေရိကန်နိုင်ငံသားတွေအပေါ် အကြမ်းဖက်တာမျိုးတွေလည်း မလုပ်ကြပါဘူး။ သူတို့က အမေရိကန်မှာ နေပြီး မြန်မာပြည်ကို ဆန္ဒတွေ ပြကြတယ်။ မြန်မာပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်ကြတယ်။ အမေရိကန်အစိုးရအနေနဲ့က ဒီလိုလုပ်ရပ်တွေသည် သူ့နိုင်ငံအကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်တာမဟုတ်တဲ့အတွက် သိပ်ပြီး အလေးမထားပါဘူး။ အမေရိကန်နိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ရင်တော့လား မြန်မာပြည်ပြန်ပို့မယ်ဆိုတဲ့ အသံထွက်မလာတော့ဘူး။ တခါတည်း သေဒဏ်ပေးခံရပါလိမ့်မယ်။
ငပိန်းတွေကို သိစေချင်တာကတော့ ဘယ်နိုင်ငံကမှ သူတို့နိုင်ငံရေးမှာ ပြည်ပနိုင်ငံသားတွေ ပါဝင်လှုံ့ဆော်တာကို လက်မခံပါဘူး။ ငပိန်းတွေကို ပြည်ပကနေ နည်းမျိုးစုံနဲ့ လှုံ့ဆော်နေတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေသည်လည်းကောင်း၊ ပြည်ဖျက်မီဒီယာများသည်လည်းကောင်း မြန်မာနိုင်ငံသားများ မဟုတ်ကြတော့တဲ့အတွက် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ မည်သို့ပင် အာချောင်နေကြစေကာမူ မြန်မာ့နိုင်ငံရေးသည် ထိုသူများနဲ့ လုံးဝ ပတ်သက်မှုမရှိတော့ပါဘူး။
ငပိန်းတွေသာ စုံလုံးကန်းပြီး ပြည်ပနိုင်ငံသားများဖြစ်ကြတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ လှုံ့ဆော်မှုတွေကို နားယောင်ပြီး မိုက်လုံးထွားနေကြခြင်းဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ဝင် ပြည်ပြေးတွေကတော့ အမေရိကန်နိုင်ငံသား၊ သြစတေးလျနိုင်ငံသား၊ အင်္ဂလန်နိုင်ငံသား၊ ပြင်သစ်နိုင်ငံသားများအဖြစ် ခံယူပြီး သူတို့ မိသားစုဘဝ အနာဂတ်ကို အေးချမ်းပျော်ရွှင်စွာ တည်ဆောက်နေကြပါပြီ။ အကြမ်းဖက်လှုံ့ဆော်ရင်း ပြည်ပကို ပါသွားတဲ့ အဆိုတော် ချမ်းချမ်း ဆိုရင် အစောပိုင်းကတော့ PDF အကြမ်းဖက်အဖွဲ့များအတွက် ရန်ပုံငွေရှိုးပွဲတွေမှာ လိုက်ပြီး ဖျော်ဖြေပေးနေပါသေးတယ်။ နောက်ပိုင်းတော့ အလွဲသုံးစာလုပ်တာတွေကို သိမြင်လာလို့ PDF အတွက်၊ တော်လှန်ရေးအတွက် ဆိုတဲ့ ပွဲတွေကို ပါဝင်အားဖြည့်ပေးခြင်းမျိုး မလုပ်တော့ပါဘူး။ သူမရဲ့ နောက်လင်နဲ့ ကလေးတွေပဲ တစ်ယောက်ပြီး တစ်ယောက်မွေးပြီး လောကကို အေးချမ်းစွာ အလှဆင်လို့ နေပါတော့တယ်။
အဓိကအားဖြင့် ငပိန်းများ သိပါ။ မင်းတို့ အားပေးထောက်ခံတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်များဟာ မင်းတို့ကို သစ္စာဖောက်သွားကြပြီ။ သူတို့တွေဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြတော့ပါဘူး။ သူတို့ရောက်ရာ နိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူလိုက်ပြီဆိုကတည်းက မင်းတို့ကို သစ္စာဖောက်ခဲ့တာ။ သူတို့ရဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေအတွက်တော့ မင်းတို့ဘာမှ သိကြမှာ မဟုတ်ဘူး။ မဲလိမ်မဲခိုးမှုကစလို့ အာဏာရူးပြီး အကြမ်းဖက်လှုံ့ဆော်တာတွေ အပါအဝင် လက်ရှိ ပြည်ပနိုင်ငံများမှာ နိုင်ငံသားခံယူလိုက်ကြတဲ့ အချိန်အထိ ငပိန်းတွေ ဘာဆိုဘာမှမသိအောင် လိမ်ညာဖုံးကွယ်ထားကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြတဲ့ ငပိန်းတွေကို သစ္စာဖောက်သွားခဲ့ကြပါတယ်။ သူတို့တွေသည် မြန်မာ့နိုင်ငံရေးနဲ့ လားလားမျှမပတ်သက်တော့ဘူးဆိုတာကို သိနေသည့်တိုင်အောင် ငပိန်းတွေကို မပြောဘဲ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်ဖို့ လှုံ့ဆော်နေကြတုန်းပါပဲ။
နောင်တော်လေး (ဘိုကလေး)
#Myanmar #News

No comments:
Post a Comment