ပြည်ဖျက်မီဒီယာတွေမှာ ယနေ့ (၅-၁၀-၂၀၂၆) ရက်နေ့ မှာ ဝေဝေဆာဆာ အလုအယက် ဖော်ပြနေကြတာက "မြိုင်တွင် အစုလိုက်သတ်ဖြတ်ခံထားရသည့် အရပ်သား ၁၂ ဦးအလောင်းများ တွေ့ရှိ" ဆိုပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် (သူတို့အလိုအားဖြင့် ပျူစောထီး)တွေက သတ်ဖြတ်သလို ပုံဖော်ရေးသားဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။
ပြည်ဖျက်မီဒီယာတွေရဲ့ ခေါင်းကိုင်ဖခင် DVB မှာ ရေးသားဖော်ပြထားတာက "မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ပျူစောထီးအဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ အရပ်သား ၁၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၄ ရက်မှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်" လို့ ရေးသားထားပါတယ်။
အဲဒါကိုပဲ အခြားသော ပြည်ပြေး မီဒီယာတချို့က တပ်က ဖမ်းဆီးသတ်ဖြတ်တာလို့ ရေးသားဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။ ဆိုတော့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း ဆိုတာက ဘယ်လိုအဖွဲ့အစည်းလဲ။ နီပိန်းတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုဆိုရင်တော့ ဒီထုတ်ပြန်ချက်ဟာ မှန်ကန်မှုမရှိပါဘူး။
မကွေးတိုင်းဒေသကြီး၊ ပေါက်နဲ့ မြိုင်မှာ ပြည်သူ့စစ်က အားမကောင်းလှပါဘူး။ နီပိန်း အကြမ်းဖက်သမားတွေ အလွန်အမင်း အားကောင်းခဲ့ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက်တွေက ရွာလုံးကျွတ် လိုက်သတ်လို့ ကူရာမဲ့ ကယ်ရာမဲ့ ပြေးရင်း လွှားရင်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အထင်ကရ ရှိခဲ့တာကတော့ ငြင်းလို့မရပါဘူး။
အချို့သော သတ်ဖြတ်ခံရမှုဖြစ်စဉ်တွေမှာ တပ်မတော်ကို ထောက်ခံအားပေးနေခြင်းမျိုးလည်း မရှိဘဲ သူတို့နဲ့အတူ ပူးပေါင်းပါဝင်ခြင်း မရှိလို့၊ ယခင်က အမုန်းရန်ညှိုးကို အခြေခံပြီး ဒလံခေါင်းစဉ်တပ် တိုင်မှာ ကြိုးတုတ်ပြီး နီပိန်း ပဒက် လူ့မိစ္ဆာများက မိသားစုဝင်များရှေ့မှာတင် ရက်ရက်စက်စက် သတ်လိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အချို့သော အမျိုးသမီးတွေကို လူမြင်ကွင်း လမ်းမအလယ်မှာ ဒူးထောက်ထိုင်ခိုင်းပြီး ရက်ရက်စက်စက် ခုတ်ပိုင်းပြီး သတ်ဖြတ်ခဲ့တာတွေ၊ တုတ်နဲ့ ဇာတ်ပိုးကို ရိုက်ချပြီး သတ်ဖြတ်လိုက်တာတွေဟာ မြင်ရက်စရာ မရှိပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေ အလွန်အမင်း အားကောင်းနေစဉ်ကာလ အကြမ်းဖက်သမားများလက်ထဲ ရောက်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်ဖြတ်၊ ခြေဖြတ်ပြီး လမ်းမအလယ် ပစ်ထားပြီး ဗွီဒီယိုမှတ်တမ်းရိုက်ကူးဖြန့်ဝေတဲ့ လုပ်ရပ်တွေကိုလည်း လုပ်ခဲ့ကြပါတယ်။
အခု ပြည်ဖျက်မီဒီယာတွေက အရိုးစုတွေ တွေ့ရှိတာကို အကြောင်းပြုပြီး တပ်မတော်က အစုလိုက်အပြုံလိုက်သတ်ပါတယ်၊ ပြည်သူ့စစ်က အစုလိုက်အပြုံလိုက် သတ်ပါတယ်လို့ နီပိန်းတွေဖွဲ့အစည်းထားတဲ့ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းလုပ်နေတာကြီးက ယုတ်ပေါက်လွန်းလှပါတယ်။
DVB ရဲ့ သတင်းဖော်ပြချက်မှာ "၂၀၂၃ ခုနှစ် ဇွန် ၉ ရက် မနက်က မြိုင်မြို့နယ် စက်မှု ၂ မှ ဝဲတူးဘက်ကို ထွက်ခွာလာတဲ့စစ်ကြောင်းဟာ ဂွေးကုန်းကျေးရွာက ပြည်သူ ၉ ယောက်၊ မကျီးကုန်းကျေးရွာက တယောက်၊ သံချောင်းကျေးရွာက တယောက်နဲ့ မကျည်းကန်ကျေးရွာက တယောက် စုစုပေါင်း အရပ်သား ၁၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို ဇွန် ၁၁ ရက်မှာ ပျူစောထီးတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လက သိမ်းပိုက်ရရှိခဲ့တဲ့ ဝက်ပုတ်ပျူစောထီးစခန်းက မှတ်စုစာအုပ်တွေအရ သိရှိခဲ့ရပေမဲ့ အဓိကသက်သေဖြစ်တဲ့ ရုပ်အလောင်းတွေကို အခုမှ ရှာဖွေတွေ့ရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၄ ရက်မှာ တောတောင်အတွင်း မှိုရှာဖွေတဲ့ ရွာသားတယောက်ရဲ့ သတင်းပေးပို့ချက်အရ ဒေသတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုရာ မြေကျင်း ၂ ခုအတွင်း အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ ရုပ်အလောင်းတွေနဲ့အတူ တွေ့ရှိရတဲ့ မှတ်ပုံတင်၊ ကျောင်းသားကတ်နဲ့ မွေးစာရင်းတွေအရ ဂွေးကုန်းရွာမှ ဖမ်းဆီးခံရသူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး သတ်ဖြတ်မှုကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ ဗိုလ်ဘိုဖြူတို့က ကျူးလွန်ခဲ့တာလို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) အဖွဲ့က ထုတ်ပြန်ပါတယ်" လို့ ဖော်ပြထားပါတယ်။
တိုင်းပြည်တွင်းမှာ နီပိန်းတွေကို ရွံတယ်ဆိုတာ အဲဒါတွေကြောင့်ပါပဲ။ သူတို့ကိုယ်တိုင်က အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ ရက်စက်ယုတ်မာခဲ့ကြတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်။ သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မဲလိမ်မဲခိုးမှုကစပြီး အကြမ်းဖက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သည်အထိ ဘာတစ်ခုကိုမှ သူတို့မှာ ဝန်ခံခြင်း မရှိဘူး။ သူတို့တွေမှာ ဇွတ် သူတော်ကောင်းကြီးတွေ လုပ်ပြနေတာကြောင့်ကို ပိုပြီး ရွံတာပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတွေမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်းပဒက်တွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရက်စက်စွာ ကျူးလွန်ခဲ့သလို ပင်လောင်းမြို့နယ်၊ နန့်နိမ်ကျေးရွာမှာ ဘုန်းတော်ကြီးအပါအဝင် ရွာသူရွာသား ၂၃ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကိုလည်း ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ပြည်ဖျက်မီဒီယာတွေက တပ်မတော်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က ကျူးလွန်သယောင် ဝါဒဖြန့်ခဲ့ကြပါသေးတယ်။
သံဃာတော်များနှင့် ဒေသခံပအိုဝ့်လူမျိုးများအား သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တောင်ကြီးမြို့နယ်မှာ ကျင်းပတဲ့ ဆန့်ကျင်ကန့်ကွက်ပွဲမှာ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာရှိ သံဃာတော်များနှင့် ဒေသခံပအိုဝ့်လူမျိုးများအား သတ်ဖြတ်မှုမှာ မြန်မာ့တပ်မတော်လည်းမဟုတ်ဘူး၊ PNA လည်းမဟုတ်ဘူး၊ KNDF/PDF အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့သည့်အပေါ် ကန့်ကွက်ရှုံချကြောင်း ဆရာတော်ဘဒ္ဒန္တရာဇဂုရု မိန့်ကြားသွားခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး PNA (ပအိုဝ်းပြည်သူ့စစ်)အဖွဲ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝင်ရောက်လာတဲ့ KNDF/ PDF အကြမ်းဖက်သမားတွေကို လိုက်လံရှင်းလင်းဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
နီပိန်းတွေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေရဲ့ အောက်တန်းစားလုပ်ရပ်တွေကို သိလို့ နီပိန်း ပဒက်တွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် သတင်းစာမျက်နှာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအဖြစ် မှတ်တမ်းတင်ဖော်ပြထားတာတွေ ရှိပါတယ်။
ဒါက နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု -
၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ က NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်ကြသော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်(၄၄)နှစ်၊ ဦးမောင်သိန်း(၄၃)နှစ်၊ ဦးချစ်စမ်းမောင် (၄၄)နှစ်၊ ဦးဗိုလ်သက်လင်း(၄၀)နှစ်၊ ဦးသန်းဌေးအောင်(၃၉)နှစ်၊ ဦးဝေယံစိုး(၃၂)နှစ်၊ ဦးဇော်ခက်(၄၅)နှစ်၊ ဦးဟိန်းဝဏ္ဏဇော်(၂၂)နှစ်၊ ဦးဝင်းနိုင်(၄၄)နှစ်၊ ဦးအုန်းမောင်(၆၃)နှစ်၊ ဒေါ်ခင်မူ(၄၄)နှစ်နှင့် ဒေါ်လဲ့လဲ့ဝင်း(၄၄)နှစ်တို့ဖြစ်၍ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား လက်နက်အားကိုးဖြင့်အကြောင်းမဲ့ ယုတ်မာရိုင်းစိုင်းစွာ လက်နက်ငယ်များဖြင့် ရက်ရက်စက်စက် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။
နောက်တစ်ခု -
အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ ယနေ့နံနက် ၄ နာရီ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့တောင်ဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ရိုးသား စွာနေထိုင်လုပ်ကိုင်စားသောက်နေသည့် အပြစ်မဲ့ ဒေသခံပြည်သူ ၁၅ ဦး ဗုံးစ ထိမှန် သေဆုံးခဲ့ပြီး သံဃာတော် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူနိုင်ရန်အတွက် မုံရွာမြို့ရှိတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အလားတူ PDF အချင်းချင်း ခိုက်ရန်ဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ကန့်ဘလူ၊ တန့်ဆည်၊ ပေါက်၊ မြိုင် တို့မှာ အပြစ်မဲ့ ပြည်သူ (၈)ဦး၊ (၁၀)ဦး မက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်းများစွာလည်း ရှိခဲ့ပါတယ်။
ပြည်ဖျက်မီဒီယာတွေက အရိုးစုတွေရှာပြီး တပ်မတော်နဲ့ ပြည်သူ့စစ်ကို လက်ညှိုးထိုးနေကြလို့ သူယုတ်မာတွေရဲ့ ကောက်ကျစ်ယုတ်မာစဉ်းလဲပုံကို အဖြေထုတ်ပြခြင်းပါ။ နီပိန်း ပဒက်တွေ စပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာတဲ့အချိန်ကစလို ပြည်တွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တာကို လိမ်ညာဖုံးကွယ်ပြီး တပ်မတော်ကို အောက်လမ်းနည်းနဲ့ ပုံရိပ်ပျက်အောင် လုပ်နေတာတွေကို ပြည်သူများ သိမြင်စေချင်တာပါ။
အရှိကို အရှိအတိုင်း၊ အမှန်ကိုအမှန်တိုင်း ပြောရမယ်ဆိုရင် နီပိန်း ပဒက် အကြမ်းဖက်နှိမ်နင်းရေး အလောင်းအမြောက်အများရခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပဒက် ပသာတွေကို မီးသင်္ဂြိုဟ်ပေးခဲ့ရတာတွေတော့ အမှန်တကယ် ရှိခဲ့ပါတယ်။ တပ်မတော်က အကြမ်းဖက်လှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် နီပိန်းတွေလို ဒလံခေါင်းစဉ်တပ်ပြီး ယုတ်မာရိုင်းစိုင်းခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။
အရပ်ဖက်လူမှုအဖွဲ့အစည်းအမည်ခံထားတဲ့ နီပိန်းတွေ၊ အကြမ်းဖက်သမား နီပိန်းတွေ၊ အဲဒီနီပိန်းတွေကို နည်းမျိုးစုံနဲ့ သွေးထိုးလှုံ့ဆော်နေတဲ့ ပြည်ဖျက်မီဒီယာတွေဟာ ကောက်ကျစ်ယုတ်မာစဉ်းလဲမှုတွေဟာ ထပ်တူကျပါတယ်။ အရိုးစုတွေ ထုတ်ပြပြီး ပွဲရှာနေလို့ ပြည်သူများ မှန်ကန်စွာ ဆင်ခြင်သုံးသပ်နိုင်စေရန် အလင်းပြခြင်း သဘောဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar







No comments:
Post a Comment