အကြမ်းဖက် NUG လက်အောက်ရှိ ဟင်္သာတခရိုင်တပ်ရင်း(၃)မှ တပ်ရေးတာဝန်ခံ ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေအား ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက် NUG လက်အောက်ရှိ ဟင်္သာတခရိုင်တပ်ရင်း(၃)မှ တပ်ရေးတာဝန်ခံ ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေအား ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၃၀

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများသေကျေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင်အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သမားများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ်အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များကိုမလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ဟင်္သာတခရိုင် တပ်ရင်း(၃)အမည်ခံ အကြမ်းဖက် PDF အဖွဲ့မှ တပ်ရေးတာဝန်ခံအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေအား လမ်းမတော်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အကြမ်းဖက်အဖွဲ့ဝင် ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် မေလမှဇွန်လအထိ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော KNU အဖွဲ့၏ တပ်မဟာ(၇)သို့ သွားရောက်၍ အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့ပြီး တပ်မဟာ(၇)၊ ဟင်္သာတခရိုင်တပ်ရင်း(၁)၊ ဧရာဝတီရိုးမစစ်ကြောင်းနှင့် ဟင်္သာတခရိုင်တပ်ရင်း(၃)တို့တွင် ရုံးတာဝန်ခံ၊ တပ်ရေးတပ်ထောက်တာဝန်များ စသည့်အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး ရန်ကုန်မြို့၌ ဟင်္သာတခရိုင်တပ်ရင်း(၃)၏ အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ အကြမ်းဖက်အဖွဲ့ဝင် ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေသည် ဟင်္သာတခရိုင်တပ်ရင်း(၃)တွင် တပ်ရေးတာဝန်ခံအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အင်အားစာရင်းများပြုစုခြင်း၊ အကြမ်းဖက်ထောက်ပံ့ငွေအလွှဲ/အပြောင်းများအားဆောင်ရွက်ပေးခြင်း၊ နေ့စဉ်ပြန်တမ်းများပေးပို့ခြင်း၊ ထိခိုက်ကျဆုံး/ဒဏ်ရာရစာရင်းများပေးပို့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဟင်္သာတခရိုင်တပ်ရင်း(၃)၏ အကြမ်းဖက်ထောက်ပံ့ဝင်ငွေ/ထွက်ငွေကိစ္စရပ်များအား အွန်လိုင်းငွေကြေးဝန်ဆောင်မှုစနစ်များအသုံးပြု၍ လွှဲပြောင်း/လက်ခံခြင်း ပြုလုပ်ခဲ့ကြောင်း၊ ၎င်းထံသို့ အကြမ်းဖက် MOD မှ သုံးလလျှင်တစ်ကြိမ်ပေးပို့သည့်လစာများနှင့် အကြမ်းဖက်အားပေးထောက်ခံသူများမှ ပေးပို့သည့်ငွေများအား အကြမ်းဖက် PDF အဖွဲ့ ဟင်္သာတခရိုင်တပ်ရင်း(၃)မှတပ်ရင်းမှူးအဆင့်ရှိ ရဲကျော်သူ(ခ)ရဲခေါင်၏အစီအစဉ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခြင်းများပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိတရားခံ အကြမ်းဖက်အဖွဲ့ဝင် ဝင့်လွှာအောင်(ခ)စစ်ငြိမ်းမေအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုလုပ်ဆောင်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ၏ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)