ကရင်ပြည်နယ်မှာ နယ်မြေငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်၊ တပ်မတော်နှင့်အတူ တသားတည်း သစ္စာရှိစွာ ရပ်တည်လာခဲ့တဲ့ အမှတ်(၁၀၁၁) BGF တပ်မှ တပ်မှူး ဗိုလ်မှူး စောစိုးနိုင်ကို နယ်ခြားစောင့်တပ် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၌ ယနေ့ ၂၇-၁၁-၂၀၂၆ ရက်နေ့မှာ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ခန့်အပ်လိုက်ကြောင်း သိရသည်။
ထို့အပြင် အမှတ်(၁၀၂၂)BGF တပ်ရဲ့ ဒုတိယတပ်မှူး ဗိုလ်မှူး စောကျော်သက်လင်းဦးကိုလည်း အမှတ် (၁၀၂၂) BGF ရဲ့ တပ်မှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ် ၁၃ တပ်ရှိပြီး ၉ တပ်က စောချစ်သူရဲ့ မက်လုံးပေးဆွဲဆောင် စည်းရုံးမှုကြောင့် KNA အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။
ဗိုလ်မှူး စောစိုးနိုင်ဦးဆောင်သည့် နယ်ခြားစောင့်တပ် အမှတ်(၁၀၁၁၊ ၁၀၁၃၊ ၁၀၁၄၊ ၁၀၂၂) တပ်တွေက KNA အဖွဲ့အဖြစ် မပြောင်းလဲပဲ နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာရှိစွာ ရပ်တည်ပြီး နယ်မြေငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုခန့်အပ်လိုက်သည့် ဂုဏ်ထူးဆောင်က ကရင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်များနှင့် အရန်အင်အားများကို ကြပ်မတ်ကွပ်ကဲနိုင်ရန် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဖြစ်ကြောင်း သိရသည်။
#News #Myanmar




No comments:
Post a Comment