မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို IT နည်းပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာအသိပညာပေး လူငယ်စကားဝိုင်း တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို IT နည်းပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာအသိပညာပေး လူငယ်စကားဝိုင်း တက်ရောက်

 


မကွေး  ၊ နိုဝင်ဘာ ၂၇

လူငယ်လူရွယ်များအနေဖြင့် ခေတ်မီသတင်းအချက်အလက်နှင့်နည်းပညာများကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဆိုက်ဘာဆိုင်ရာခြိမ်းခြောက်မှုအန္တရာယ်များမှ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် IT နည်းပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ အသိပညာပေးလူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာစင်တာ၌ ကျင်းပရာ အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ IT နည်းပညာရှင်များနှင့် ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် Artificial Intelligence (AI) Digital Transformation ormation Big Data Cloud Computing Internet of Things (IoT) ကဲ့သို့သော နည်းပညာများသည် နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် အရေးပါလာသည့်အတွက် IT နည်းပညာကို မှန်ကန်စွာနားလည်အသုံးချနိုင်ခြင်းသည် လူငယ်များသာမက နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခြေခံလိုအပ်ချက်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာတိုးတက်မှုနှင့်အတူ Cyber Threats များ၊ Online Scams၊ Phishing၊ Malware နှင့် Ransomware တိုက်ခိုက်မှုများအပြင် သတင်းအမှားဖြန့်ဝေမှုအန္တရာယ်များလည်း ပေါ်ပေါက်လာရာ ဆိုက်ဘာလုံခြုံရေးသည် နည်းပညာရှင်များသာမက အင်တာနက်အသုံးပြုသူ တစ်ဦးချင်းစီတိုင်းတွင်တာဝန်ရှိသည့်အတွက် လူငယ်များအနေဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အထူးလိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ Password နှင့် ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းခြင်း၊ မသင်္ကာဖွယ် Link နှင့် Website များကို ရှောင်ကြဉ်ခြင်း၊ သတင်းအချက်အလက်များကိုစိစစ်ပြီးမှ ယုံကြည်မျှဝေခြင်းနှင့် အခြားသူများ၏ ဂုဏ်သိက္ခာကိုလေးစားကာ နည်းပညာကိုကျင့်ဝတ်သိက္ခာရှိရှိ၊ တာဝန်ယူမှုရှိရှိ အသုံးချကြစေလိုကြောင်း၊ နည်းပညာဖွံ့ဖြိုးမှု၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်စေရန်ဖြစ်သည့်အတွက် ယနေ့ခေတ်လူငယ်များသည် နည်းပညာကို အသုံးပြုသူ အဆင့်ဖြင့်သာ ရပ်တည်မနေဘဲ AI နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို ပညာရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများတွင်အသုံးချကာ နိုင်ငံ့အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့် နည်းပညာဖန်တီးသူများ ဖြစ်လာစေရန် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် "IT နည်းပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ အသိပညာပေးလူငယ် စကားဝိုင်း" အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူ(Moderator)နှင့် သက်ဆိုင်ရာ နည်းပညာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည့် လူငယ်ကိုယ်စားလှယ်များက IT နည်းပညာဆိုင်ရာ အခွင့်အလမ်းများ၊ ဆိုက်ဘာလုံခြုံရေးအသိပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများမှ ကာကွယ်တားဆီးနိုင်မည့်နည်းလမ်းများကို ရှုထောင့်အသီးသီးမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူ လူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ဆွေးနွေးပွဲပါဝင်သူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ မှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

မောင်ခိုင်မင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)