နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး






ဖလမ်း၊ နိုဝင်ဘာလ ၁၈

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောက်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖလမ်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး တစ်စိတ်တစ်ပိုင်းပြုပြင်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှူးရုံး အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ခရိုင်မှူးနေအိမ်နှင့်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများဝင်ရောက်နေထိုင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆယ်တင်ပစ္စည်းများ အလေအလွင့်မရှိစေရေး စနစ်တကျသိမ်းဆည်းထားရှိရန်၊ အဆောက်အအုံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားသည်။ ယင်းနောက် သစ်တောဦးစီးဌာန ပျိုးဥယျဥ်တွင် ချယ်ရီ၊ ရေပိတောက်၊ စိန်ပန်းစသည့် ပျိုးပင်ပေါင်း (၅၀၀၀)ပျိုးထောင်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့နယ်သမဝါယမဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းမိသားစုများ နေထိုင်မှုအခြေအနေများအားလည်းကောင်း၊ ရုံးအဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ရုံးဝင်းအတွင်းရှိ ပြန်လည်ပြုပြင်ပြီးစီးသည့် ကားဂိုဒေါင်အား ယာယီရုံးဖွင့်လှစ်ထားရှိကာ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ အလုံးစုံပျက်စီးသွားသည့် ရုံးအဆောက်အအုံနှင့် ပြန်လည်ပြုပြင်ပြီးစီးသည့် ခရိုင်ဦးစီးမှူးနေအိမ်အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)