ကျောက်တံခါးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံခါးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

 


ကျောက်တံခါး ၊  နိုဝင်ဘာ ၁၂                         

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပဲနွယ်ကုန်းမြို့၊ အခြေခံပညာနှင့်(စက်၊ စိုက်၊ မွေး)အထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ဦးစွာ အခြေခံပညာနှင့်(စက်၊ စိုက်၊ မွေး)အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရတနာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုး က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ပဲနွယ်ကုန်းမြို့၊ အခြေခံပညာနှင့်(စက်၊ စိုက်၊ မွေး) အထက်တန်းကျောင်းမှ (Grade-11)ကျောင်းသူ မဖူးပွင့်ခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ် ဖြင့်လည်းကောင်း၊ (Grade-11)ကျောင်းသူ မဖြူဖြူလှိုင်က  လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-11)ကျောင်းသား မောင်တိုးတက်ဝင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11)ကျောင်းသား မောင်ဘုန်းမြတ်ကိုက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11)ကျောင်းသူ မနဒီလှိုင်းက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်း စဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်း သူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)