ဆေးတက္ကသိုလ် -၂ ရန်ကုန်တွင် တက်ရောက်နေသော ဆေးပညာစတုတ္ထနှစ် ကျောင်းသူအား မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ပညာသင်ထောက်ပံ့ကြေးပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေးတက္ကသိုလ် -၂ ရန်ကုန်တွင် တက်ရောက်နေသော ဆေးပညာစတုတ္ထနှစ် ကျောင်းသူအား မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်








မြောက်ဥက္ကလာ၊ နို၀င်ဘာ  ၁၂ 

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးတက္ကသိုလ် -၂ ရန်ကုန်တွင် တက်ရောက်နေသော ဆေးပညာစတုတ္ထနှစ် ကျောင်းသူအား မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန် ဆေးတက္ကသိုလ် -၂ ရန်ကုန်ရှိ မြရည်နန္ဒာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဆေးတက္ကသိုလ် (၂)ရန်ကုန်မှ ပါမောက္ခချုပ်ပါမေက္ခ ဒေါက်တာမိုးဝင့်အောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ပညာသင်ထောက်ပံ့ကြေးအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့်ဘဏ္ဍာရေးရာဌာနကြီးခေါင်းဆောင် ဒေါ်ခင်စန္ဒာထွန်းတို့က ဆေးတက္ကသိုလ် -၂ ရန်ကုန်တွင် တက်ရောက်နေသော ဆေးပညာစတုတ္ထနှစ် ကျောင်းသူ မယုမွန်မွန်‌အောင်အား ပညာသင်ထောက်ပံ့ကြေး  ဆယ်သိန်းကျပ်အား ချီးမြှင့်ပေးအပ်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များက ထပ်မံ၍ ငွေကျပ် သုံးသိန်း ဆက်လက်ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် ဆေးတက္ကသိုလ် -၂ ရန်ကုန်တွင် တက်ရောက်နေသော ဆေးပညာစတုတ္ထနှစ် ကျောင်းသူ မယုမွန်မွန်‌အောင်က ကျေးဇူးတင်စကား‌‌ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း၊ ဘဏ္ဍာရေးရာဌာနကြီးခေါင်းဆောင် ဒေါ်ခင်စန္ဒာထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်မှ ပါမောက္ခချုပ်ပါမေက္ခ ဒေါက်တာမိုးဝင့်အောင် နှင့် ဆရာမများ၊ ‌‌ မရမ်းကုန်းခရိုင်အမျိုး သမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်အေးမြင့်  နှင့် အဖွဲ့၀င် များ၊  မြောက်ဥက္ကလာမြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ဇင်မာအောင်နှင့်အဖွဲ့ဝင်များ၊ လှိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်တင်ဝင်းရီ၊ မရမ်းကုန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ရွှေရည်ထွန်း ၊ ဆေးတက္ကသိုလ် -၂ ရန်ကုန်တွင် တက်ရောက်နေသော  ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ‌ ကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)