အောင်မြေသာစံ ၊ နိုဝင်ဘာ ၉
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)(ပထမနေ့)ကို နိုဝင်ဘာလ ၉ ရက်နံနက် ၁၀ နာရီအချိန်တွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၁၄)ရပ်ဖြင့်ကျင်းပရာ အစည်း အဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း (၆၆) ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကအဆိုပြုသော “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး”၏ အမည်စာရင်းကို လွှတ်တော်သို့ကြေညာကာ အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေး သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက “စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ”နှင့် “ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ”တို့အားအမည်ပြောင်းလဲခြင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ပြောင်းလဲခြင်း၊ လုပ်ငန်းတာဝန်များ ပြင်ဆင်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြသည်။
ဆက်လက်၍ ပြင်ဆင်သတ်မှတ်သည့် ကော်မတီတို့၏ တာဝန်များနှင့်စပ်လျဉ်း၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌက ရှင်းလင်းပြောကြားပြီး ၎င်းကော်မတီတို့နှင့်ပတ်သက်၍ အမည်ပြောင်းလဲခြင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ပြောင်းလဲခြင်း၊ လုပ်ငန်းတာဝန်များ ပြင်ဆင်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)(ပထမနေ့)ကို ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ရပ်နားပြီး အစည်းအဝေး(ဒုတိယနေ့)ကို နိုဝင်ဘာလ ၁၀ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment