ငွေကျပ် ၁.၁ ဘီလီယံကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်မြို့၌ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေကျပ် ၁.၁ ဘီလီယံကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်မြို့၌ ဖမ်းဆီးရမိ











ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့ပေါ်ရပ်ကွက်တွင် ငွေကျပ် ၁.၁၄၃ ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံများအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်တွင် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ရှိ လုံခြုံရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ အဆိုပါရပ်ကွက်၊ ခတ္တာလမ်းသွယ်ရှိ ကျလား(ကျား)၊၂၈နှစ်၊(ဘ)ဦးကျလော့ (လားဟူ/ခရစ်ယာန်)နှင့် စိုမူလာ(ကျား) ၃၀နှစ်၊(ဘ)ဦးကျတော့(လား/ခရစ်ယာန်)တို့ ၂ဦးနှင့်အတူ ၎င်း၏နေအိမ်အောက်ထပ် စတိုခန်းအတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ရောင်စုံအစင်းကြားဆာလာအိတ်အတွင်းမှ အိုက်စ် ၃၃ ကီလို ဂရမ်ခန့် (ဒေသတန်ဖိုး အိုက်စ် ၁ ကီလို ဂရမ်လျှင် ကျပ်သိန်း ၈၀ နှုန်းဖြင့် ကျပ်သိန်း ၂,၆၄၀ ခန့်)၊အနီရောင်လက်ဆွဲခြင်းအတွင်းမှ Happy Water ၅.၂ ကီလိုဂရမ်ခန့်(ဒေသတန်ဖိုး Happy Water ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၁,၁၀၀ နှုန်းဖြင့် ကျပ်သိန်း ၅,၇၂၀ ခန့်)၊ ကက်တမင်းအဆီရည် ၁ လီတာခန့်(ဒေသတန်ဖိုး ကက်တမင်း ၁ လီတာလျှင်  ကျပ်သိန်း ၃,၀၀၀ နှုန်းဖြင့် ကျပ်သိန်း ၃,၀၀၀ ခန့်)၊ WY စာတန်းပါ စိတ်ကြွဆေးပြား ၂,၀၀၀ ပြား(ဒေသတန်ဖိုး WY ဆေးပြား ၁ ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၁၀ သိန်းကျပ်ခန့်)၊ အက်တက်စီဆေးပြား ၁၀၀ ပြား(ဒေသတန်ဖိုး အက်တက်စီ ဆေးပြား ၁ ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၄၀ ခန့်)၊ ကတ်တမင်း ဝ.၃ ကီလိုဂရမ်ခန့် (ဒေသတန်ဖိုး ကတ်တမင်း ၁ ကီလိုဂရမ်လျှင် ၈၅ သိန်း ကျပ်နှုန်းဖြင့် ၂၅.၅ သိန်းကျပ်ခန်) ၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုး ၁၁,၄၃၅.၅ ကျပ်သိန်းခန့်၊ (၁.၁၄၃ ဘီလီယံ ကျပ်ခန့်)တို့အားဖမ်းဆီးရမိပြီး ဖုန်း ၄ လုံး၊ ကြယ် ၅ လုံး တံဆိပ်နှင့် GUANYINWANG စာတန်းပါ အစိမ်းရောင် တရုတ် လက်ဖက်ခြောက် အိတ်ခွံ ၁၀ အိတ်တို့ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#Myanmar #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)