တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများ ဖမ်းဆီးထိန်းသိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများ ဖမ်းဆီးထိန်းသိမ်း


၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန်မြို၊ မရမ်းကုန်းမြို့နယ်၊ (၉) မိုင်ရှိ နေအိမ်တစ်ခု၌ ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူ ကျော်စွာ (၄၅ နှစ်) နှင့် မနှင်းပွင့် (၃၈ နှစ်) တို့ကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမေရိကန်ဒေါ်လာ - ၂၂၀,၀၀၀၊ ထိုင်းဘတ် - ၅၅၀,၀၀၀၊ တရုတ်ယွမ် - ၃၇၀,၀၀၀၊ မြန်မာကျပ်ငွေ - ၆၃,၀၀၀,၀၀၀၊ လက်ကိုင်ဖုန်း: ၄ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား သက်ဆိုင်ရာ မြို့မရဲစခန်း၌ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)