မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရွှေပေါက်ကံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရွှေပေါက်ကံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများအား ကွင်းဆင်းစစ်ဆေး


မြောက်ဥက္ကလာပ   ၊ နို၀င်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေပေါက်ကံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများအား ယမန်နေ့နံနက် ၁၁ နာရီအချိန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ထို့သို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ရွှေပေါက်ကံစက်မှုဇုန်ရှိ အမှတ် (၇+၈) အင်းဝလမ်းရှိ KPH အထည်ချုပ်စက်ရုံ၊ အမှတ် (၁၂/ ၁၄)၊ ကံကော်လမ်းရှိ G5 အထည်ချုပ်စက်ရုံနှင့် အမှတ် (၁၈/ ၂၃/ ၃၆)၊ ဗိုလ်တေဇလမ်းရှိ Shin Sung အထည်ချုပ်စက်ရုံတို့တွင် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ဆက်သွယ်ရမည့်ဖြစ်ကြောင်း စသည့်တို့ကို အသိပညာပေး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)