ကျောက်တော်မှာ AA အကြမ်းဖက်အဖွဲ့ဝင်တွေ ကျန်သေးလား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တော်မှာ AA အကြမ်းဖက်အဖွဲ့ဝင်တွေ ကျန်သေးလား



ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံမှာ အခြေပြုနေတဲ့ AA အကြမ်းဖက်အဖွဲ့ကို ယမန်နေ့ (၁၇-၁၁-၂၀၂၆) ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်ဖျက်မီဒီယာတွေနဲ့ ရခီးမီဒီယာတွေက အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးပါတယ်ဆိုတဲ့ သတင်းတွေ ရေးသားဖြန့်ဝေလာကြပါတယ်။ စစမျက်နှာအသီးသီးမှာ မရှုမလှခံနေရပြီး သတင်းမထုတ်ပြန်နိုင်တာ ကြာပြီဖြစ်တဲ့ AA အကြမ်းဖက်အဖွဲ့က သတင်းထုတ်ပြန်လာတာကိုလည်း တွေ့ရပါတယ်။.

AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ -

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် သံတွဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ယခင် GTI ကျောင်းနှင့် အနီးဝန်းကျင်အား ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၂) ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းပတ်ဝန်းကျင်အနီးရှိ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် GTI ကျောင်းဆောင်အချို့နှင့် ၎င်းပတ်ဝန်းကျင်ရှိ လူနေအိမ်အချို့မှာ ဗုံးစများထိမှန်ပြီး ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ ည (၁၁) နာရီ (၃၀) မိနစ် အချိန်ခန့်တွင်လည်း ကျောက်တော်မြို့ပေါ်ရှိ ယခင် စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အနီးဝန်းကျင်တို့အား ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် တစ်ပြိုင်နက်တည်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင်များအားလုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး ကျောင်းအနီးဝန်းကျင်မှ အပြစ်မဲ့အရပ်သားပြည်သူ (၃) ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁) နာရီအချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ အနီးတဝိုက်ကို ဂျက်တိုက်လေယာဉ် (၅) စီး၊ Y12 (၁) စီးတို့ဖြင့် တစ်နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနီးဝန်းကျင်အား ဂျက်တိုက်လေယာဉ် (၄) စီး၊ Y12 (၁) စီး တို့ဖြင့် ည (၇) နာရီ (၅၇) မိနစ်အချိန်မှ (၉) နာရီ (၁၅) မိနစ်အချိန်အထိ (၁) နာရီကျော်ကြာ ပေါင် (၅၀၀)၊ (၃၀၀)၊ (၂၀၀)၊ Rocket နှင့် Drop Bomb အပါအဝင် စုစုပေါင် ဗုံးအလုံးရေ (၅၀) နီးပါးခန့် အား မရပ်မနား ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ခေတ္တ (စစ်ဘေးရှောင်) အပြစ်မဲ့ အရပ်သားပြည်သူ (၃) နှစ်အရွယ် ကလေးငယ် (၁) ဦး၊ ကိုယ်ဝန် (၅) လရှိ အမျိုးသမီး (၁) ဦး နှင့် နောက်ထပ် ကျား (၆) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့ရပြီး (အသေးစား၊ အလတ်စား၊ အကြီးစား) ထိခိုက်ဒဏ်ရာရရှိသူ ကျား (၁၁) ဦး နှင့် မ (၁၀) ဦး စုစုပေါင်း (၂၁) ဦး အထိ ရှိခဲ့သည်။ ထို့အပြင် လူနေအိမ်အများအပြားမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်အား ဒရုန်းများဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ၏ နေအိမ်အချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။ နိုဝင်ဘာလ (၁၄) ရက်နေ့ကလည်း ၎င်းရပ်ကွက်အား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးဆုံးရှုံးမှုများရှိခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေရဲ့ သဘောသဘာဝက ဒါမျိုးပါပဲ။ သူတို့ မရှုမလှခံရပြီဆိုရင် အကြမ်းဖက်သမား မဟုတ်တော့ဘဲ အပြစ်မဲ့ ပြည်သူဖြစ်သွားကြပါတယ်။ တပ်မတော်ဘက်ကတော့ အကြမ်းဖက်သမား မရှိတဲ့နေရာ ပစ်ခတ်ရှင်းလင်းစရာ မလိုပါဘူး။ အကြမ်းဖက်သမား အခြေပြု ခိုအောင်းနေရင်တော့ မည်သည့်နေရာမဆို ပစ်ခတ်ရှင်းလင်းဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

ယမန်နေ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ AA အကြမ်းဖက်အဖွဲ့၊ ရခီးမီဒီယာတွေက ရေးသားဖော်ပြချက်တွေနဲ့ မြေပြင်သတင်းနဲ့က ကွဲလွဲနေပါတယ်။ လေကြောင်းကနေ ရှင်းလင်းဆောင်ရွက်စဉ်အတွင်း သေဆုံးခဲ့သူတွေဟာ AA အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။

ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦး ပြောပြချက်အရ စိုက်ပျိုးရေးသိပ္ပံကျောင်းဟာ ကျောက်တော်မြို့ကို AA သိမ်းပိုက်ပြီးကတည်းက လူသစ်စုဆောင်းနေခြင်းဖြစ်ပြီး AA အကြမ်းဖက်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်များကို ထားရှိပြီး အကြမ်းဖက်သင်တန်းပို့ချနေခြင်းဖြစ်ကြောင်း၊ အခြားအဆောက်အဦးများမှာလည်း AA အဖွဲ့ဝင်များနဲ့ ဆက်စပ်သူများ နေထိုင်ရာ နေရာဖြစ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ AA အဖွဲ့ဝင် (၃၀) ကျော်ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့လည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

သတင်းအရင်းအမြစ်ရဲ့ သုံးသပ်ချက်အရ AA အကြမ်းဖက်အဖွဲ့ဝင်တွေ အခြေပြုရာနေရာကို လေကြောင်းနဲ့ တိတိကျကျ ချေမှုန်းနိုင်ခြင်းဟာ AA အကြမ်းဖက် အဖွဲ့အပေါ် မလိုလားတဲ့ ဒေသခံတွေရှိနေပြီး ၎င်းတိုရဲ့ သတင်း ပေးချက်အရ ဖြစ်နိုင်ကြောင်း  သုံးသပ်ထားပါတယ်။

ရခီးမီဒီယာဖြစ်တဲ့ Western News က "ကျောက်တော် စိုက်ပျိုးရေးကျောင်း ဗုံးကြဲခံရ၊ ရခိုင်တွင် နှစ်ပတ်အတွင်း အရပ်သား ၃၀ ကျော် သေဆုံးပြီး ၇၅ ဦးထက်မနည်း ဒဏ်ရာရ" လို့ ခေါင်းစဉ်တပ် ရေးသားဖြန့်ဝေထားပါတယ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၆ ရက် ညဉ့်အချိန်တွင် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲခန့်မှစတင်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁၁ နာရီ ၅၀ မိနစ်ခန့်အထိ မိနစ် ၂၀ ဝန်းကျင်ကြာမြင့်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကျောင်းဝင်းရှိ နားနေဆောင်များ၊ စာသင်ဆောင်များနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သလို ကျောက်တော်မြို့အတွင်းရှိ အခြားနေရာများတွင်လည်း ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့သော်လည်း အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ရေးသားဖြန့်ဝေထားပါတယ်။

NLD ပါတီက ပေါ်ပေါက်လာတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေ ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေချိန် ရခိုင်ပြည်နယ်ဟာ ပကတိအေးချမ်းခဲ့ပါတယ်။ ၂၀၂၃ နောက်ပိုင်း AA အကြမ်းဖက်အဖွဲ့ရဲ့ မိုက်မဲမှုကြောင့် ယခုဆိုရင် ရခိုင်ပြည်နယ်ဟာ ပြာပုံအတိဖြစ်ခဲ့ရပါပြီ။ မိုက်မဲတဲ့ လုပ်ရပ်အတွက် ဆိုးရွားတဲ့ ရလဒ်ပဲ ထွက်ပါလိမ့်မယ်။ ပညာတတ်လူငယ်တွေကို မွေးထုတ်ပေးနေတဲ့ နေရာကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခဲ့တယ်။ မျိုးဆက်သစ်လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချခဲ့တယ်။ 

အကြမ်းဖက်သမားရှိရင် အကြမ်းဖက်နှိမ်နင်းရေးက လာမှာပဲဖြစ်ပါတယ်။ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို မစွန့်လွှတ်ဘူးဆိုရင် အကြမ်းဖက်နှိမ်နင်းရေးကလည်း ရပ်တန့်လို့မရပါဘူး။ 

ရောဘတ် ကနေဒီ ပြောခဲ့တဲ့စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ရအောင် -

"အကြမ်းဖက်မှုက ဘာကိုများ ပြီးမြောက်အောင်မြင်စေခဲ့ဖူးသလဲ။ ဘာကိုများ ဖန်တီးပေးနိုင်ခဲ့ဖူးသလဲ။ လုပ်ကြံသတ်ဖြတ်သူရဲ့ ကျည်ဆန်တစ်တောင့်ဟာ ဘယ်အာဇာနည်ရဲ့ ရပ်တည်ချက်ကိုမှ တိတ်ဆိတ်ငြိမ်သက်သွားအောင် မလုပ်နိုင်ခဲ့ဖူးပါဘူး။ အဓိကရုဏ်းတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေကလည်း ဘယ်အမှားအယွင်းကိုမှ အမှန်ဖြစ်အောင် မပြင်ဆင်ပေးနိုင်ခဲ့ဖူးပါဘူး။ ချောင်းမြောင်းပစ်ခတ်သူ ဆိုတာ သူရဲဘောကြောင်သူသက်သက်သာ ဖြစ်ပြီး သူရဲကောင်း မဟုတ်ပါဘူး။ အထိန်းအကွပ်မဲ့နေတဲ့ ဒါမှမဟုတ် ထိန်းချုပ်မရနိုင်တဲ့ လူအုပ်ကြီးဆိုတာကလည်း ရူးသွပ်မှုရဲ့ အသံသာဖြစ်ပြီး ပြည်သူလူထုရဲ့ အသံ မဟုတ်ပါဘူး။"

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုရင် AA အကြမ်းဖက်အဖွဲ့ ကို အပြီးသတ် နှိမ်နင်းပေးရပါလိမ့်မယ်။ တပ်မတော်သားများရဲ့ စစ်ဆင်ရေး အောင်မြင်ပါစေ။ ရခိုင်ပြည်အေးချမ်းစေဖို့ AA အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် နှိမ်နင်းပေးဖို့ တိုက်တွန်းလိုပါတယ်။


နောင်

#Myanmar #News



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)