ဒေးဒရဲမြို့၌ ပြည်သူများ သွားလာမှုအဆင်ပြေစေရေး မြို့တွင်းလမ်းမများအား ကတ္တရာထပ်ပိုးလွှာခင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့၌ ပြည်သူများ သွားလာမှုအဆင်ပြေစေရေး မြို့တွင်းလမ်းမများအား ကတ္တရာထပ်ပိုးလွှာခင်း



ဒေးဒရဲ  ၊  နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများသွားလာမှု အဆင်ပြေစေရေးရည်ရွယ်၍ မြို့တွင်းလမ်းမများအား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါလုပ်ငန်းကို (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၉၄) သိန်းဖြင့် အလျား(၁၂၁၀)ပေ၊ အကျယ်(၁၂)ပေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်း ဦးဆောင်မှုဖြင့် ဝန်ထမ်းများက လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)