မန္တလေး၊ နိုဝင်ဘာ ၁၈
နိုင်ငံတော်၏ သဘောထားအမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူ ၁၉၅ဦး အား မိဘများထံပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ ပုဒ်မများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် လက်နက်ဖြင့် အလင်းဝင်ရောက်လာသူများက လက်နက်အပ်နှံခြင်းများပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးမှ လက်ခံရယူကာ ထောက်ပံ့ပစ္စည်းများ ပြန်လည်ပေးအပ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် အလင်းဝင်ရောက်လာသူအမျိုးသား ၁၇၆ဦး၊ အမျိုးသမီး၁၉ဦး စုစုပေါင်း ၁၉၅ဦး ဖြစ်ကြောင်း သိရသည်။
#Myanmar #News







No comments:
Post a Comment