ဟင်္သာတ ၊ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) တွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု နည်းပြသင်တန်းဆင်းပွဲကို အဆိုပါကျောင်းရှိ နှစ်ထပ်စာသင်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်တန်းဆင်းအစီရင်ခံစာအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချမ်းမြေ့က ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှုး ဒေါ်စုစုထွန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား ကသ(၆) ဦးချမ်းမြေ့သီဟအားလည်းကောင်း၊ သင်တန်းသူများကိုယ်စားကသ (၉) ဒေါ်ခိုင်သဉ္ဇာအားလည်းကောင်း သင်တန်း ဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းပြသင်တန်းသို့ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းသား (၇) ဦး၊ သင်တန်းသူ (၁၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment