နေပြည်တော်၊ နိုဝင်ဘာ ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံ အဖြစ် ဝင်ရောက်နိုင်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဥရောပအာရှပေါင်းစည်းရေးဆိုင်ရာ အစည်းအဝေးများနှင့် ပြပွဲအခမ်းအနားများ၌ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အစ်ဇကန်ဒါ အဇီဇော့ဗ်နှင့် ရန်ကုန်မြို့ရှိ ရုရှားသံရုံးနှင့် နေပြည်တော်ရှိ ဘယ်လာရုစ်သံရုံးတို့မှ ကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
#News #Myanmar



No comments:
Post a Comment