တံတားဦး ၊ နိုဝင်ဘာ ၂၉
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ခရီးသွားပြည်သူများအမြင်တွင် စိတ်အေးချမ်းမြေ့ဖွယ်မြင်တွေ့ရေးနှင့် စိမ်းလန်းစိုပြည်သည့် သဘာဝမြင်ကွင်းများတွေ့မြင်ရေးတို့အတွက် ရည်ရွယ်ပြီး သစ်တောဦးစီးဌာနမှ လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့အရိပ်ရသစ်ပင်များစိုက်ပျိုးထားရှိမှုနှင့် စပ်လျဉ်း၍ ယနေ့နံနက် ၁၀ နာရီက ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးသည် တံတားဦးမြို့နယ်၏ သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းဖြစ်သော ၂၀၂၅ ခုနှစ်၊ ရန်ကုန်-မန္တလေးသွား မိုင်တိုင်အမှတ် (၃၅၂/၇ မှ ၃၅၇/၇) အထိလမ်းဘေးဝဲ/ယာ၌ စိုက်ပျိုးထားရှိသော အရိပ်ရသစ်ပင်များကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ် တံတားဦးမြို့နှင့် သက်ဆိုင်သည့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သွား ကားလမ်းဘေးဝဲယာရှိ အရိပ်ရစိုက်ခင်းများ၊ မြို့သာစက်မှုဇုန်သွား ကွန်ကရစ်လမ်းဘေး ဝဲ/ယာ(10 KM) စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တံတားဦမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်မြင့်ဦးအား လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးသည် တံတားဦးမြို့နယ် သစ်တောဦးစီးဌာန သင်ပန်းပျိုးဥယျာဉ်၌ ၂၀၂၇ ခုနှစ် လူထုဖြန့်ပျိုးပင် ၃၀၀၀၀ ပင် ပျိုးထောင်ထားရှိမှုနှင့် Home Garden ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သစ်ပင်များ စိုက်ပျိုးထားရှိမှုနှင့် Home Garden ဆောင်ရွက်ထားရှိမှုတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တံတားဦးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်မြင့်ဦးက ၂၀၂၇ ခုနှစ် မိုးရာသီ လူထုဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင်များကို အမြင့်နှစ်ပေနှင့်အထက် ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် အယ်လ်နီညိုသဘာဝဘေးတုန့်ပြန်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် မိမိတို့ပျိုးဥယျာဉ်၌ပြုစုပျိုးထောင်ထားရှိသည့် သစ်ပင်များရေပြတ်လပ်မှုမရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြရာ လက်ထောက်ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲတင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment