ဆီဆိုင် ၊ နိုဝင်ဘာ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) တွင် အယ်လ်နီညိုကာလ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့နည်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က အယ်လ်နီညိုကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိ ရမည့်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးနှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား အယ်လ်နီညို ရာသီဥတုဖြစ်စဉ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး မီးဘေးလုံခြုံရေးအတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment