မိုင်းတုံ ၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်နေကြသော လူနာများအား ယနေ့နံနက်ပိုင်းက မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီးဗိုလ်မှူး ကြီးမျိုးမင်းစိုးဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သီဟ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ဝင်းကျော်၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန မြေစာရင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးအေးဇင်သိန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီအရာရှိ ဦးစိုင်းမင်းမင်းထွေးတို့ ပူးပေါင်း၍ အာဟာရဖြည့်စွက်စာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဖြည့်စွက်စားများကို လူနာတစ်ဦးလျှင် ကြက်ဥ(၁၀)လုံး၊ ကွေကာအုပ်ထုပ်သေး(၁၀)ထုပ်၊ ကိတ်မုန့်(၂)ထုပ်၊ ခေါက်ဆွဲခြောက်(၃)ထုပ်နှုန်းဖြင့် ဆေးရုံတက်လူနာ(၂၂)ဦးအား လှူဒါန်းပေးခဲ့သည်။
ယင်လှူဒါန်းမှုအား တစ်လလျှင် (၂)ကြိမ် အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးမျိုးမင်းစိုးထံမှ သိရသည်။
ဝင်းဝင်းခိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment