တန့်ယန်း ၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၆) ရပ်ကွက်၌ ကျင်းပသည်။
အသိပညာပေးဟောပြေပွဲ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်က အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးအကြောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး နေဝင်းလှိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း၊ အမှတ် (၂၃) မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမောင်သင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်လင်းဟန်က ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောကြကာ တက်ရောက်လာသော ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
https://t.me/MyanmarNationalPost

No comments:
Post a Comment