နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း နည်းပညာတက္ကသိုလ်၊ကောလိပ်၊အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းတက်ရောက်မည့် ကျောင်းသားသူများအား ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း နည်းပညာတက္ကသိုလ်၊ကောလိပ်၊အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းတက်ရောက်မည့် ကျောင်းသားသူများအား ထောက်ပံ့ပေးအပ်


လဟယ်  ၊ နို၀င်ဘာ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဦးစီးအဖွဲ့၀င်များသည် ယနေ့ နံနက် (၀၉:၀၀)နာရီအချိန် လဟယ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း ၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် စက်မှုကျောင်းသားများအား ဩဝါဒချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းနားသို့ တက်ရောက်သည်။

ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် အတွင်းရေးမှူး ဦးညီညီထွေးတို့က ဆုံးမဩဝါဒစကား ပြောကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ သွားရောက်ပညာသင်ကြားကြမည့်‌ (လဟယ်၊နန်ယွန်း) မြို့နယ်မှ ကျောင်းသား/ကျောင်းသူ(၃၀)ဦးအား နာဂဦးစီးအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)