ပခုက္ကူ ၊ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ သီတဂူစက္ခုဒါနတံတားဦးဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံ နေကြသောလူနာများအား ယမန်နေ့မွန်းလွဲ ၂နာရီက နယ်မြေခံတပ်နယ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးဝင်းမင်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက အာဟာရဖြည့်စွက်စာများဖြစ်သည့် Calsome Cereal Drink ကွေကာထုပ်နှင့် Nutritions Cereal ထုပ် စုစုပေါင်း (၂၀၀) ထုပ်တို့ကို လှူဒါန်းကြသည်။မျက်စိကုသပေးမှုလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏စီစဉ်ပံ့ပိုးမှုဖြင့် ကေတုမတီ သီတဂူဗုဒ္ဓတက္ကသိုလ် (တောင်ငူမြို့)မှ ဒေါက်တာအရှင်တိက္ခသာရ ဆရာတော် အရှင်သူမြတ်ဦးစီးသော နိပေါနိုင်ငံမှမျက်စိအထူးကုပါရဂူ ဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမှ မျက်စိအထူးကုပါရဂူဆရာဝန်ကြီးများနှင့် သီတဂူမြင့်မိုရ်စံစက္ခုဒါနအဖွဲ့ဝင်များ၊ ချောက်မြို့ ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် လက်ထောက်များ၊ မကွေးမြို့၊ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်တိုက်ဖျက်ရေးဌာနမှ ကျန်းမာရေးမှူးများနှင့် ဝန်ထမ်းများ၊ ပခုက္ကူခရိုင် ပြည်သူ့ ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များမှပြည်သူများ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများလာရောက်ပြသကြကြောင်း၊ လာရောက်ပြသသည့် မျက်စိဝေဒနာရှင်များအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်း၍ အကြို/အပို့လုပ်ငန်းနှင့်နေရာချထားရေး၊ စာရင်းရေးသွင်းခြင်းလုပ်ငန်းများကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ ၂၈ ရက် (တတိယနေ့) အထိ စမ်းသပ်စစ်ဆေး လူနာ ၂၁၂၃ ဦး၊ ခွဲစိတ်ကုသလူနာ ၄၆၇ဦး၊ စုစုပေါင်း ၂၅၉၀ဦး ပြီးစီးခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၉ ရက်ကြာ ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost

No comments:
Post a Comment