ကျွန်းစုမြို့တွင် လူဦးရေစာရင်း စတင်ကောက်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့တွင် လူဦးရေစာရင်း စတင်ကောက်ယူ


ကျွန်းစု  ၊ နိုဝင်ဘာ ၁‌၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) သည် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ လူဦးရေစာရင်းကို စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။ကောက်ယူရာတွင် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) သည် မြို့‌ပေါ်ရပ်ကွက်များတွင် လူဦးရေစာရင်းကောက်ယူလျက်ရှိရာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ကျွန်းစုမြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စုရှိပြီး မြေပြင်လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းများကို ကောက်ယူရေးဆိုင်ရာများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)