ထားဝယ် ၊ နို၀င်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၈ခုနှစ်၊ သောဠသမ(၁၆) ကြိမ်မြောက်စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုတို့က သာဿနာ့ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရွှေကြာသင်္ကန်းနှင့် ဘုရားပွဲ၊ ဆွမ်း၊ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းပူဇော်ပြီးဆရာတော်ကြီးများအား အခမ်းအနားဖြင့် ပင့်ဆောင်ပူဇော်သည်။ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြု၍ ဖိတ်ကြားထားသောဧည့်သည်တော်များက“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကာ မင်္ဂလာဝိုင်းတော်အဖွဲ့ကထူးမခြားနားသီချင်းဖြင့်သီဆိုပူဇော်ပြီး ထားဝယ်မြို့၊ဇေယျဝတီပရိယတ္တိစာသင်တိုက်နိုင်ငံတော်သြဝါဒါစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တစန္ဒိမာထံမှငါးပါး သီလခံယူ ဆောက်တည်သည်။ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ဇေယျဝတီပရိယတ္တိ စာသင်တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေသည်။ဆက်လက်၍အခမ်းအနားတက် ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီးသောဠသမ(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ကြောင်းအထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ရတနာရွှေမိုးငွေမိုးရွားသွန်းကာမင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေဓမ္မတေးဖြင့်သီဆိုပူဇော်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားတက်ရောက်လာကြသူများကို စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံသည်။သောဠသမ(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင်(၁၃၅)ပင်လှူဒါန်းရရှိပြီး ငွေသားတန်ဖိုး ၁၀၃,၄၅၆,၀၀၀ ကျပ်နှင့် လှူဖွယ်ပစ္စည်း တန်ဖိုးငွေ ၃၉,၂၀၁,၆၅၀ ကျပ် စုစုပေါင်းလှူဒါန်းမှုတန်ဖိုး ငွေ ၁၄၂,၆၅၇,၆၅၀ ကျပ်လှူဒါန်းရရှိကာ ငွေပဒေသာပင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment