ဝမ်းတွင်း ၊ နိုဝင်ဘာ ၁၆
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးတင်အောင်သည် ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး (10 + 20) MVA မြို့မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေအား နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ (10 + 20) MVA မြို့မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေအား စစ်ဆေး၍ ဝန်ထမ်းများအား ဓာတ်အားဖြန့်ဖြူးပေးချိန်/ ဓာတ်အားဖြတ်တောက်ချိန်များအား တိတိကျကျဆောင်ရွက်ကြရန်၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး၊ ငွေကြေးအလွဲသုံးစားမှုများ မပြုလုပ်ကြရန်နှင့် ပြည်သူများအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြောဆိုကြရန် လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် ငွေလက်ခံကောင်တာတွင် ဓာတ်အားခ လာရောက်ပေးဆောင်လျက်ရှိသော မီးသုံးသူပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment