မတ္တရာ ၊ နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် မြို့နယ်အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မတ္တရာ)တွင် ကျင်းပခဲ့သည်။
အာကာသဆိုင်ရာပြိုင်ပွဲတွင် ပန်းချီပြိုင်ပွဲ၌ မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်တွင် (၂၄)ဦး၊ အလယ်တန်းအဆင့်တွင် (၄၂)ဦးနှင့် မူလတန်းအဆင့်တွင် (၄၈)ဦး စုစုပေါင်း(၁၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အာကာသဆိုင်ရာပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကာတွန်းပြိုင်ပွဲနှင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပိုစတာပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရာသား
https://t.me/MyanmarNationalPost

No comments:
Post a Comment