ကျေးသီးမြို့တွင် Social Pension လူမှုရေးပင်စင်နှင့် MCCT ငွေကြေးထောက်ပံ့မှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးသီးမြို့တွင် Social Pension လူမှုရေးပင်စင်နှင့် MCCT ငွေကြေးထောက်ပံ့မှု ဆောင်ရွက်


ကျေးသီး ၊  နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့တွင် လူမှုရေးရာဝန်ကြီးဌာနဦးဆောင်၍ Social Pension လူမှုရေးပင်စင်နှင့် MCCT ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို ယနေ့နံနက်(၉)နာရီတွင် မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။

ကျေးသီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်အသက်(၈၅)နှစ်အထက်ဘိုးဘွားများအား ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။ ထောက်ပံ့ကြေးထုတ်ယူရာတွင် အကျိုးခံစားသူကိုယ်တိုင်(သို့မဟုတ်) ကိုယ်စားလှယ်များမှ နိုင်ငံသားအသိအမှတ်ပြုကတ်ပြား (မူရင်း)နှင့် သွားရောက်ထုတ်ယူနိုင်ပါကြောင်း သိရသည်။

ကျေးသီး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)