ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ပဲခူး   ၊ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရန် ဘက်ပေါင်းစုံမှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူးပြောင်းနိုင်ရေးအတွက် ဒေသအလိုက် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒေသခံပြည်သူများအနေဖြင့် အသား၊ ငါးနှင့် ဥများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာ စားသုံးနိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့မွေးမြူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် တစ်အုပ်တစ်မစားဖိုဆောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်စဉ်သုံးသီးစိုက်ဧကများနှင့် သီးထပ်စွမ်းအား တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် တန်ဖိုးမြှင့်စပါးမျိုးများဖြစ်သည့် တောင်ပျံမွှေးနှင့် ပေါ်ဆန်းမွှေးတို့ကို မျိုးမြှင့်တင်နိုင်ရေးအတွက် ခေါင်နှံဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် မျိုးသန့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အွန်လိုင်း Zoom Meeting စနစ်ဖြင့် တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မိုးသီးနှံရိတ်သိမ်းနေမှု၊ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု၊ ဒေသအလိုက် တိရစ္ဆာန်အမျိုးအစားအလိုက် တိုးချဲ့မွေးမြူထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)