NUG အကြမ်းဖက်အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ (သတင်းအဖြစ်ထုတ်ပြန်ချက်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝရမ်းပြေးကျော်မိုးထွန်း က သတင်းထုတ်ပြန်ထားပါတယ်။
ကျော်မိုးထွန်း ရှေ့မှာ Myanmar ဆိုင်းဘုတ်ထောင်ထားတာကို မြင်ရတိုင်း တာဝန်ရှိသူတွေအနေနဲ့ ဒီရာဇဝတ်ကောင်ကို ဘာကြောင့် ဖမ်းဆီးအရေးမယူတာလဲ။ တာဝန်ရှိသူတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုဟာ အင်မတန်နှောင့်နှေးကြန့်ကြာလွန်းတယ်။
NUG အကြမ်းဖက်အဖွဲ့ရဲ့ ဘက်တော်သား ဝရမ်းပြေး ကျော်မိုးထွန်း က "ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးများအကြား အပြန်အလှန်ဆွေးနွေးပွဲအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အကြမ်းဖက်စစ်အုပ်စု ၏ လေကြောင်းတိုက်ခိုက်မှု၊ ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေမှုများအပြင် စီးပွားရေးပြိုလဲမှုတို့ကြောင့် အရပ်သားပြည်သူများ၏ ဘက်ပေါင်းစုံဒုက္ခခံစားနေရမှုများသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း၊ အရပ်သားပြည်သူများ၏ လိုအပ်ချက်များ တိုးမြင့်လာနေသည့်အပြင် အကြမ်းဖက်စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မှုများကို ကန့်သတ်တားမြစ်ခြင်းနှင့် အကူအညီများပေးပို့မှုတွင် ရည်ရွယ်ချက်ရှိရှိ ဟန့်တားပိတ်ဆို့ခြင်းတို့ကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း စသဖြင့် အောက်တန်းစားဆန်ဆန် ဆွေးနွေးပြောဆိုချက်များကို သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ရာဇဝတ်ကောင်က နိုင်ငံတကာမျက်နှာစာမှာ သူခိုးက လူဟစ်လုပ်ပြနေတယ်။ ငိုပြလိုက်၊ ရယ်ပြလိုက်နဲ့ ကုလသမဂ္ဂကို Hollywood နဲ့များ မှားနေသလား ထင်ရပါတယ်။ ရာဇဝတ်ကောင် ကျော်မိုးထွန်း က ကုလသမဂ္ဂ မှာ မျက်ရည်ခြူတဲ့အချိန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရည်ခြုံများ ငိုပြတတ်ပုံကို လုပ်ပြလိုက်တော့ ရာဇဝတ်ကောင် ကျော်မိုးထွန်း ငိုပြတဲ့အကွက်က ဟာသပျက်လုံးတစ်ခုလို ဖြစ်သွားခဲ့ပါတယ်။
ဒီအထိလည်း သောက်ရှက်နည်းနည်းမှ မရှိပါဘူး။ NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသွားကတည်းက မြန်မာပြည်သူ၊ မြန်မာအစိုးရ က သူ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီး ဖြစ်ပါတယ်။
ရာဇဝတ်ကောင် ကျော်မိုးထွန်း ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် "မြေပြင်တွင် အကူအညီများကို ထိရောက်စွာပေးအပ်နိုင်ရေးအတွက် လိုအပ်နေသည့် ဒေသအားလုံးသို့ရောက်ရှိနိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် ဌာနေညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအဖွဲ့တို့အား တိုက်တွန်းလိုကြောင်း၊ ပဋိပက္ခဖြစ်ပွားပြီး ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများထံ အကူအညီများ ပိုမိုရောက်ရှိစေရေးအတွက် ကုလသမဂ္ဂအဖွဲ့နှင့် (NUG)၊ (SCEF) နှင့် ဒီမိုကရေစီအင်အားစုများအကြား ပိုမိုကောင်းမွန်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
ကုလသမဂ္ဂ က ကျော်မိုးထွန်းကို လက်ခံထားတဲ့လုပ်ရပ်ဟာ မြန်မာပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးကို ပြောရေးဆိုခွင့် ပေးထားသလို ဖြစ်နေပါတယ်။ ကျော်မိုးထွန်ဟာ မြန်မာပြည်သူများကို ကိုယ်စားပြုပြီး ပြောနေတာ မတွေ့ရပါဘူး။ သူကိုယ်စားပြုတဲ့ NUG အြ့မ်းဖက်အဖွဲ့ကို ကိုယ်စားပြုပြီး ပြောဆိုနေပါတယ်။ NUG အကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံအတွင်းမှာ ရဟန်းရှင်လူပြည်သူများ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာတွေ၊ နိုင်ငံတော်ရဲ့ အခြေခံ လမ်းတံတား၊ အဆောက်အဦတွေကို ဖျက်ဆီးခဲ့တာတွေကိုတော့ ရာဇဝတ်ကောင် ကျော်မိုးထွန်း တစ်ခွန်းတစ်ပါဒမှ မပြောခြင်းဟာ အများပြည်သူကို ကိုယ်စားပြုခြင်း မရှိဘူးဆိုတာ သက်သေခံနေပါတယ်။
NUGအကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးရတဲ့ ပမာဏဟာ တစ်သောင်းကျော် ရှိခဲ့ပါတယ်။
ကျော်မိုးထွန်း လို ရာဇဝတ်ကောင်ကို ကုလသမဂ္ဂမှာ ဆက်လက်ရပ်တည်ခွင့်ပြုထားတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် ကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းကြီးသည် ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီး မဟုတ်ပါလား။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တစ်ယောက်အနေနဲ့ အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးကို ယခုလို ကုလသမဂ္ဂမှာ ပြောရေးဆိုခွင့်ပေးထားခြင်းဟာ အကြမ်းဖက်အားပေးလုပ်ရပ်ကို ဗြောင်ကျကျ လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။
အန်တိုနီရို ဂူတာရက်စ် ဟာ ပေါ်တူကီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ပေါ်တူကီနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသဘောသဘာဝကတော့ မတူညီပါဘူး။ ပေါ်တူဂီနိုင်ငံထဲမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့ အဖွဲ့အစည်း၊ လှုံ့ဆော်သူများကို ဂူတာရက်စ်အနေနဲ့ ကုလသမဂ္ဂလို နေရာမျိုးမှာ ပြောရေးဆိုခွင့် ပေးမလား။
ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတာ နိုင်ငံတစ်ခုကို ကိုယ်စားပြုပြီး ခန့်အပ်တဲ့ သံအမတ်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုကို ကိုယ်စားမပြုဘဲ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုတဲ့ လူပုဂ္ဂိုလ်တစ်ဦးကို ဘယ်လိုအကြောင်းကြောင့်မှ ပြောရေးဆိုခွင့် ပေးစရာမလိုပါဘူး။
တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်နေတဲ့ မုသာဝါဒီတွေ ဆီကနေ ဒီတိုင်းပြည်နဲ့ ပတ်သက်လို့ အမှန်တရားကို မရနိုင်ပါဘူး။ အဲဒီ ရာဇဝတ်ကောင်တွေရဲ့ ပါးစပ်က သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို တစ်ခွန်းတောင် ဖွင့်ဟပြောဆိုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရာဇဝတ်ကောင် ကျော်မိုးထွန်းကို ပြောရေးဆိုခွင့်ပေးတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ အကြမ်းဖက်အားပေး လုပ်ရပ်ကို ဗြောင်ကျကျ လုပ်ဆောင်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဂူတာရက်စ် အနေနဲ့ အကြမ်းဖက်အားပေးလုပ်ချင်တယ်။ ကျော်မိုးထွန်း ကို ပြောရေးဆိုခွင့်ပေးထားချင်တယ်ဆိုရင် ကျော်မိုးထွန်း ရှေ့က Myanmar ဆိုတဲ့ အမည်နာမကို ဆိုင်းဘုတ်ကို ဖယ်ထားပေးပါ။ ကျော်မိုးထွန်း ရှေ့မှာ NUG Terrorist Group ဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားပေးမှသာ မှန်ကန်ပါလိမ့်မယ်။
ကုလသမဂ္ဂအဖွဲ့အစည်းကြီးအနေနဲ့ မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အားပေးအားမြှောက်လုပ်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါပြီ။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar


No comments:
Post a Comment