နိုဝင်ဘာ - ၁ ( တနင်္ဂနွေနေ့ )
စနေနေ့တုန်းကတော့ ဂျာမနီနိုင်ငံတစ်ဝန်းမှာ လူငယ်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ပညာရေးရန်ပုံငွေ မလုံလောက်မှုနဲ့ စစ်မှုထမ်းဥပဒေ ပြန်လည်ကျင့်သုံးလာနိုင်ခြေတွေအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဘာလင်၊ ဖရန့်ဖတ်၊ ကိုလုံးနဲ့ မြူးနစ် အစရှိတဲ့ ဂျာမနီမြို့ကြီး ၃၄ မြို့မှာ ဆန္ဒပြဖို့ စီစဉ်ထားပြီး လူ ၁၇၀,၀၀၀ ကျော် ပါဝင်လာမယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့အပတ်က ဥရောပတစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေရဲ့ အဆက်ဖြစ်ပြီး၊ အဲဒီတုန်းကလည်း ဆန္ဒပြသူတွေဟာ တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အစိုးရရဲ့ မူဝါဒတွေကြောင့် ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် အချင်းများခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံမှာဆိုရင် ပညာရေးစရိတ် လျှော့ချပေးဖို့၊ ဆရာဆရာမ ပိုခန့်ပေးဖို့နဲ့ ကျောင်းသုံးပစ္စည်းတွေ ကောင်းမွန်ဖို့ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ စက်တင်ဘာလက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အခုအခါမှာတော့ တိုက်ကြီးတစ်ဝန်း ကျယ်ပြန့်လာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအဖြစ် အရှိန်အဟုန် မြင့်တက်လာခဲ့ပါပြီ။
ဂျာမနီက လူငယ်တွေဦးဆောင်တဲ့ 'ဂျန်ဇတ်ရီဂျယ် ' ( ဂျန်ဇတ် က အကုန်ရှင်းပါတယ်/ ကိုင်တွယ်ပြီးသားပါ" လို့ အဓိပ္ပာယ်ရတဲ့) လှုပ်ရှားမှုအဖွဲ့က လူထုထောက်ခံမှုနဲ့ လူမြင်များမှုကို အများဆုံးရအောင်ဆိုပြီး ဟယ်လိုဝင်း နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုလုပ်ဖို့ အချိန်ဇယားဆွဲ သတ်မှတ်ခဲ့ကြပါတယ်။
"ငါတို့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ငါတို့မပါဘဲ လုပ်ချင်တိုင်းလုပ်နေတာကို ထပ်ပြီး လက်ပိုက်ကြည့်မနေချင်ကြတော့တဲ့ လူငယ်တွေပါ" လို့ အဲဒီလှုပ်ရှားမှုအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဆန္ဒပြပွဲတွေကတော့ အေးအေးချမ်းချမ်းနဲ့ပဲ လုပ်သွားမှာဖြစ်ပြီး ဟယ်လိုဝင်း ဝတ်စုံတွေ ဝတ်လာကြရင်တောင်မှ မျက်နှာတွေကို မြင်ရအောင် အကာအကွယ်မပါဘဲ ပုံမှန်အတိုင်း ထားကြဖို့ စီစဉ်သူတွေက တောင်းဆိုထားပါတယ်။
ကိုလုံး မြို့မှာတော့ ဆန္ဒပြပွဲတွေ စတင်နေပြီဖြစ်ပြီး၊ လူထုက လမ်းတွေပေါ်ထွက်ပြီး ချီတက်ဆန္ဒပြနေကြပါတယ်။ အချို့ဆန္ဒပြသူတွေကတော့ ‘ယူကရိန်းကို ငွေကြေးထောက်ပံ့တာ ရပ်တန့်ပါ’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်လာကြပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment