ငြိမ်းချမ်းရေးသီအိုရီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငြိမ်းချမ်းရေးသီအိုရီ


နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ရှိတယ်။ အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊ သူပုန်အမျိုးမျိုးလည်း ရှိတယ်။

အစိုးရတစ်ရပ်ကို မကြိုက်လို့ လက်နက်ကိုင်တော်လှန်တာကို အခုအချိန်မှာ အပြစ်မတင်သေးဘူး။ အစိုးရကို မကြိုက်ခြင်း၊ အစိုးရကို ဆန့်ကျင်ခြင်းဟာ နိုင်ငံရေးပဋိပက္ခရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်တယ်။

ဒါပေမဲ့ အစိုးရနဲ့ သူပုန်တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ လူမှုဒုက္ခတွေကိုတော့ ဂရုဏာသက်ဖို့ လိုတယ်။ စစ်ပွဲရဲ့ဒဏ်ကို ခံစားရတာဟာ လက်နက်ကိုင်ထားသူတွေသာ မဟုတ်ဘူး။ အပြစ်မဲ့ပြည်သူတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မိသားစုတွေပါ ပါဝင်တယ်။

အဲဒီလူမှုဒုက္ခတွေကို ဂရုဏာသက်တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြရတယ်။ နိုင်ငံရေးပြဿနာတွေကို လက်နက်နဲ့မဖြေရှင်းတော့ဘဲ နိုင်ငံရေးစကားဝိုင်းမှာ ဆွေးနွေး အဖြေရှာကြရတယ်။

ဒါဟာ ငြိမ်းချမ်းရေးသီအိုရီအစစ်ပဲ။

ဒီသီအိုရီကို နားမလည်ဘဲ အစိုးရက စင်းလုံးချောဖြစ်လာမှ ငြိမ်းချမ်းရေးယူမယ်ဆိုတာဟာ ငြိမ်းချမ်းရေးသီအိုရီကို နားမလည်ခြင်းပဲ ဖြစ်တယ်။

အစိုးရကို ကြိုက်သွားမှ ငြိမ်းချမ်းရေးယူရတာ မဟုတ်ဘူး။ အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင်ချက်အားလုံးကို သဘောတူမှ ငြိမ်းချမ်းရေးယူရတာလည်း မဟုတ်ဘူး။

အစိုးရဘက်ကလည်း မိမိကိုယ်ကို စင်းလုံးချောဖြစ်တယ်လို့ ကြွားဝါနေစရာမလိုဘူး။ သူပုန်ဘက်ကလည်း စင်းလုံးချောအစိုးရတစ်ရပ် ဖြစ်လာဖို့ မျှော်လင့်စောင့်စားနေစရာမလိုဘူး။

ငြိမ်းချမ်းရေးဆိုတာ တစ်ဖက်နဲ့တစ်ဖက် အပြည့်အဝကြိုက်နှစ်သက်သွားခြင်း မဟုတ်ဘူး။ သဘောထားမတူညီမှုတွေ ရှိနေသေးပေမဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို ရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အတူတကွ အဖြေရှာနိုင်ခြင်းသာ ဖြစ်တယ်။


နေမျိုးဝေ

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)