ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူထမ်းဆောင်ရေးနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ ဖွံဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်းမ်စတက်အဖွဲ့တည်ထောင်မှု နှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား အစိုးရနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး၊ ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
#Myanmar #News


No comments:
Post a Comment