ကော့ကရိတ် ၊ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် တောင်သူများ စပါးအထွက်နှုန်း တိုးတက်စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးအတွက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၆)ရပ်ကွက်၊ ကွင်းအမှတ် (၁၃၂)၊ ဘုန်းကြီးပျံကွင်း၊ ဦးပိုင်အမှတ် (၆/၃) ရှိ တောင်သူ ဦးလူပျို၏ လယ်မြေ (၄.၀၂) ဧက၌ ကျင်းပခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် စံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးထားသည့် ရေဆင်းပေါ်ဆန်းမွှေးစပါးမျိုးမှာ တစ်ဧကလျှင် အထွက်နှုန်း (၆၅.၂၂)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment